အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။

4.5K 896 23
                                    

Unicode

အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာ ဝင်ရောက်ခြင်း။

[တစ်ပါးသူ၏အန္တရာယ်အား အခွင့်ကောင်းယူ၍ မတော်တရော် ပြုမူသည်]

ထိုအော်သံကိုကြားသည့်အခါ စုယန်သည် ရှုပ်ပွနေသော  ကျောက်စိမ်းကြေးမုံရေကန်၏ မျက်နှာပြင်ကိုကြည့်ရန်  ချက်ချင်းပင် ခေါင်းလှည့်လိုက်လေ၏။

ပြိုကျသွားသော ရေခဲရေတံခွန်သည် မရေမတွက် နိုင်သည့် ကြီးမားသော ရေခဲအပိုင်းအစများအဖြစ်သို့ ပြိုကွဲသွားလေပြီ။ ၎င်းရေခဲအပိုင်းအစများသည် မည်သည့်အချိန်ကမှန်းမသိ ပေါ်လာသော နှေးကွေးသည့် ရေစီးကြောင်းတစ်လျှောက် မျောပါသွားခဲ့၏။ ၎င်းတို့သည် ရေစီကြောင်းနှင့်အတူ စုရုံးကာ ရေကန်၏အလယ်ဗဟိုသို့ တဖြည်းဖြည်း ရွေ့လျားသွား‌လေသည်။

စုယန်သည် အထိတ်တလန့်ဖြစ်သွားပြီး သူ၏ မျက်လုံးများဖြင့် ရေကန်ပတ်လည်ကို ရှာဖွေ ကြည့်လိုက်ရာ ကြေမွနေသော ရေခဲတုံးအချို့ပေါ်တွင် သွေးများစွန်းထင်းနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအချိန်၌ သူ့စိတ်သည် ရုတ်တရက် လွတ်ထွက်သွား၏။

မဖြစ်နိုင်ဘူး!

လုံးဝမဖြစ်နိုင်ဘူး!

စုယန်၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး သူ့အတွေးအားလုံးကို သိမ်းပိုက်လိုက်သည်။

___ ကုဖေးတိ သေလို့မရဘူး။

___ သူက အခုမှ ကလေးပဲရှိသေးတယ်။ ဒီမှာ လုံးဝ သေလို့မရဘူး!

စုယန် ​​အတွေးလွန်နေရန် အချိန်မရှိပေ။ သူသည် မသိစိတ်မှ ရွှီယွင်ကျန်းကို လွှတ်လိုက်ပြီး သူ့ခေါင်းကို ရေကန်ဘက်သို့ ပြန်လှည့်လိုက်လေသည်။

ဖန်ရှီသည် ချီထုန်း၏အခြေအနေအားကြည့်ပြီးနောက်  လှည့်ပတ်ကြည့်လိုက်သည့်အခါ ဖြစ်ပျက်နေသည့် အရာများကို မြင်လိုက်ရသည်။ သူသည် စုယန်၏ ဝတ်ရုံစကိုလှမ်းဆွဲရန် ချက်ခြင်းပြေးသွားခဲ့လေ၏။

"မသွားနဲ့! အန္တရာယ်များတယ်!" သူ၏ မျက်စံများသည် ပြူးကျယ်လျက်ရှိပြီး မျက်လုံးများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေလေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now