အခန်း-၂၅.၃

4.4K 853 19
                                    

Unicode

ကုဖေးတိသည် သတိလစ်နေသော စုယန်အား ကျောပေါ် တင်လျက် ဂူထဲ၌ တစ်နေကုန် လျှောက်သွားနေခဲ့သည်။

သူသည် ပါးလွှာသာ အတွင်းဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး အပေါ်ဝတ်စုံအား စုယန်ကိုယ်ပေါ်၌ ပတ်ပေးထားလေသည်။ စုယန်သည် ကုဖေးတိ၏ နောက်ကျောပေါ်တွင် လျစ်လျူရှု၍ မရနိုင်သော အနည်းငယ်အေးစက်မှုနှင့်အတူ နှေးကွေးစွာ အသက်ရှူနေ၏။ သူသည် ကုဖေးတိ၏ လည်တိုင်အား ဖက်တွယ်ထားလေသည်။

ကုဖေးတိသည် မျက်လွှာချလိုက်ပြီး ရေခဲတုံးနှင့်တူသော စုယန်အား နွေးထွေးစေရန် သူ၏အတွင်းအားကို လှည့်ပတ်ခဲ့သည်။

စုယန် သတိလစ်သွားကတည်းက သူ၏ခန္ဓာကိုယ် အပူချိန်သည် လျော့နည်းလာခဲ့သည်။ ကုဖေးတိသည် အတွင်းအားသုံးပြီး ဘယ်လောက်ပဲ နွေးထွေးအောင် လုပ်ပေးပါစေ သူရပ်လိုက်သည်နှင့် စုယန်၏ ခန္ဓာကိုယ်အပူချိန်ဟာ တဖန် ပြန်လည်လျော့နည်း သွားလေသည်။

ကုဖေးတိသည် စုယန်၏ အတွင်းအားနှင့်ပတ်သတ်၍ ပြဿနာရှိမရှိ မသိသော်လည်း သူ၏ ခန္ဓာကိုယ်အပူချိန် ကျဆင်းသွားသည်နှင့် အသက်ရှုနှုန်းနှင့် သွေးခုန်နှုန်း သည်လည်း အလွန်အားနည်းသွားလေရာ ၎င်းမှာ အန္တရာယ်ကြီးမားလေသည်။

ထို့ကြောင့် ကုဖေးတိသည် စုယန်၏ခန္ဓာကိုယ်အပူချိန်ကို ထိန်းထားနိုင်ရန် သူ၏အတွင်းစွမ်းအားကို ထပ်ခါထပ်ခါ သုံးစွဲခဲ့ရလေသည်။ သူ၏အတွင်းစွမ်းအားများ မြောက်များစွာအသုံးပြုခဲ့ရပြီး ပင်ပန်းနွမ်းနယ် သွားသည့်နောက်တွင် သူသည် ပြန်လည်ကောင်းမွန် လာစေရန် ခဏတာ သူ၏အသက်ရှူမှုကို ချိန်ညှိလိုက်ပြီး မကြာမီတွင် ရှိသမျှအားလုံးကို စုယန်ထံ၌ ပြန်အသုံးချလိုက်ပြန်သည်။

ညနေဆည်းဆာအချိန်၌ ကုဖေးတိသည် ခပ်လှမ်းလှမ်းရှိ ကျဉ်းမြောင်းသော ကျောက်တုံးအတက်အဆင်းတွင် နေဝင်ချိန် တိမ်များအပြည့်နှင့် ကောင်းကင်ယံကို မြင်လိုက်ရသည်။ သူသည် ချက်ချင်းပင် အရှိန်မြှင့်ကာ ဂူပေါက်ဝဆီသို့ ဦးတည်သွားလိုက်၏။

ဂူအပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်သော ချိုင့်ဝှမ်းတစ်ခု ရှိလေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now