အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။

4.8K 967 95
                                    

Unicode

အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။

[ဒီလိုနေ့မျိုးက သေရည်သောက်ဖို့ကောင်းတယ်...]

စုယန် နောက်ပြန်လှည့်ကြည့်လိုက်သည်။

ထိုလူမှာ အခုချိန် တံခါးပိတ်ကျင့်နေရမည်ဖြစ်သော ရွှီယွင်ကျန်းပင် ဖြစ်ပေသည်။

(T/N: ဒင်! မှန်းတာမှားပါတယ် 😜)

အရုဏ်မတက်မီ မှိန်ဖျော့သော ကောင်းကင်အောက်တွင် ရွှီယွင်ကျန်း၏ မျက်လုံးများမှာ ငြိမ်သက်နေပြီး လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်ကိုဆောင်ကာ စုယန်အား တည့်တည့်ကြည့်နေ၏။

အနည်းငယ် မတည်မငြိမ်ဖြစ်နေသော အသက်ရှူသံအရ သူသည် လမ်းတစ်လျှောက်လုံး လျင်မြန်စွာ ပြေးလွှားလာပုံရသည်။

အကြောင်းတစ်ခုခုကြောင့် စုယန်သည် ရွှီယွင်ကျန်း ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားမိသည်။

သူသည် ယဉ်ကျေးသမှုဖြင့် ပြုံးလျက်မေးလိုက်၏။

"မင်း တံခါးပိတ်ကျင့်နေတာ မဟုတ်ဘူးလား?"

ရွှီယွင်ကျန်းက သူ့အမေးကိုမဖြေဘဲ ပြန်မေးလေသည်။

"မင်းထွက်သွားတော့မှာလား?"

စုယန်က ပုခုံးတွန့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"အင်း.. ငါ စိတ်ပိုင်းဆိုင်ရာကျင့်စဉ်မှာ အောင်မြင်မှု ရခဲ့ပြီးပြီလေ။ ဒါကြောင့် အခု ငါရဲ့ ပညာသင်နှစ်က ပြီးဆုံးသွားပြီ"

"ငါ..." ရွှီယွင်ကျန်းသည် ရှုပ်ထွေးနေသော အမူအရာဖြင့် ရှေ့သို့တိုးလာသည်။

"မင်း.. မိစ္ဆာဂိုဏ်းဆီ ပြန်သွားမှာလား"

စုယန်က ခေါင်းညိတ်ပြလိုက်၏။

"အဲဒီကိုမပြန်လို့ ငါက အခြားဘယ်ကိုပြန်ရမှာလဲ?"

ရွှီယွင်ကျန်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ တိုးဖွဖွ ဆိုသည်။

"ဒါဆို... ငါတို့ အနာဂတ်မှာ ပြန်ဆုံတဲ့အခါ ရန်သူတွေ ဖြစ်သွားနိုင်တယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now