အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။

4.6K 923 34
                                    

Unicode

အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။

[မင်းကြိုက်ရင် ငါပို့ပေးလိုက်မယ်...]

မြေရိုင်းလွင်ပြင်၏ ဆောင်းဦး။

ကောပိသဲကန္တာရသည် နေရောင်အောက်၌ တောက်လောင်နေဆဲဖြစ်သည်။

သစ်ပင်ကျဲသဖြင့် အရိပ်အနည်းငယ်သာရရှိပြီး လေတိုက်သည်မှာလည်း ရှားပေသည်။ ဤနေရာ၌ နေလောင်ထားသော သဲများသာရှိပြီး ခပ်လှမ်းလှမ်းမှ ရေလှိုင်းလုံးကြီးများနှင့်တူသော ပူပြင်း တောက်လောင်သည့် သဲအလွှာများကို မြင်နိုင်သည်။ သဲမြေပြင်၏ ပွက်ပွက်ဆူနေသော အပူရှိန်ကြောင့် လေထုမှာလည်း ပုံပျက်နေ၏။

ပြင်းထန်သော အပူဒဏ်ကြောင့် မြင်းကောင်ရေ ဒါဇင်ပေါင်းများစွာသည် ခေါင်းငုံကာ မလှုပ်မယှက် ရှိနေကြပြီး ၎င်းတို့၏ပတ်ဝန်းကျင်ရှိ ဟစ်အော်နေသော အင်းဆက်ပိုးမွှားများကို မောင်းထုတ်ရန်အတွက် ရံဖန်ရံခါ နားရွက်များကို ခါယမ်းကြသည်။

ကျောက်တုံးကြီးတစ်ခု၏ အရိပ်အောက်တွင် သိုင်းပညာရှင် အများအပြား တန်းစီထိုင်နေကြပြီး အစာခြောက်အချို့ကို စားသုံးကာ ရေသောက်ပြီး ယပ်ခတ်နေကြ၏။

"ဒီကော့ပိသဲကန္တာရက လူတွေနေလို့ကောင်းတဲ့ နေရာမဟုတ်ဘူးဗျ" သူတို့ထဲက တစ်ယောက်က ဆိုသည်။
"ဓားပညာရှိဂူသင်္ချိုင်းကို အမြန်ဆုံးသာရှာမတွေ့ရင် ကျုပ်တို့ထဲက တော်တော်များများ ဒီနေရာမှာကျန်ခဲ့မှာ သေချာတယ်!"

"ဓားပညာရှိက ဘယ်လိုတွေးပြီး ဒီနေရာမှာ သင်္ချိုင်း ဆောက်လိုက်တာလဲ မသိဘူး" တခြားတစ်ယောက်က ဝင်ပြောလေ၏။
"အလယ်ပိုင်းလွင်ပြင်ထက် ဘယ်နေရာက ပိုကောင်းနိုင်မှာမလို့လဲ?"

နှစ်ယောက်ကြားစကားပြောသံကို ကြားသောအခါ အနားရှိ သက်ကြီးပိုင်းတစ်ဦးက ပြုံးလိုက်ပြီး မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြောလာသည်။

"မင်းတို့အားလုံး နားမလည်ပါဘူး။ ဒီမြေရိုင်းလွင်ပြင် ဧရိယာက ကျယ်ပြောပြီး လူတွေကိုဖမ်းစားတတ်တဲ့ နတ်ဆိုးမြို့တော်လည်း ရှိတယ်လေ... ဒီနေရာမှာ ဂူသင်္ချိုင်းကို ရှာရတာက ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာရတာနဲ့ အတူတူပဲ။ ဒါ့ကြောင့် ဓားပညာရှိက သူ့ရဲ့သင်္ချိုင်းကို ဒီနေရာမှာ တည်ဆောက်ခဲ့တာ။ ဒါမှလည်း ဘယ်သူကမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလေ"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now