အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။

4.3K 890 39
                                    

Unicode

အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။

[ရုတ်တရတ် ပြောင်းလဲသွားသော အခြေအနေ...]

ဤကျောက်ဆောင်လွင်ပြင်သည် အဲ့လော့ကွေး၏ နယ်စပ်ရှိ ကွဲအက်ချိုင့်ဝှမ်းနှင့် အလွန်နီးကပ်ပေသည်။

စုယန်သည် မြေပုံကိုကြည့်ပြီးနောက် မြောက်ဘက်သို့ ဆက်သွားပြီး မကြာမီတွင် ကွဲအက်ချိုင့်ဝှမ်းအစွန်းသို့ ရောက်မည်ဖြစ်ကြောင်း သိလိုက်ရသည်။ ညနေချိန်နီးပြီ ဖြစ်သောကြောင့် နေ၏ဦးတည်ရာသည် သူ့အတွက် တည်နေရာဆုံးဖြတ်ရန် သင့်တော်ပေသည်။

ထို့ကြောင့် စုယန်သည် မိစ္ဆာဂိုဏ်း၏
ပန်းလက်ထောက်အဖွဲ့ကို ခေတ္တထားခဲ့ပြီး ကုဖေးတိအား ကွဲအက်ချိုင့်ဝှမ်းသို့ တစ်ယောက်တည်း ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ကုဖေးတိ သူ့နောက်ကိုလိုက်ရသည့် အကြောင်းပြချက် ရှိရန်အတွက် စုယန်သည် ဖူလင်းယွင်အား ပြန်ပေးဆွဲရန် ဆုံးဖြတ်လိုက်လေသည်။

ဤသို့အားဖြင့် ကုဖေးတိ သူ့နောက်သို့ လိုက်လံ ဖမ်းဆီးမည်မှာ သေချာရုံသာမက ဖူလင်းယွင် သည်လည်း နောက်၌ကျန်ခဲ့မည် မဟုတ်တော့ပေ။ သူတို့နှစ်ဦးအား ချောက်ကမ်းပါးပေါ်မှ တွန်းချခြင်း အလုပ်သည် ပို၍လွယ်ကူ‌ချောမွေ့သွားမည် ဖြစ်ပေသည်။

ထိုသို့တွေးရင်း စုယန်သည် သူ့ကိုယ်သူ ဉာဏ်အလွန်‌ ကောင်းသည်ဟု ခံစားလိုက်ရလေသည်။

သူသည် ကုဖေးတိနှင့် တိုက်ခိုက်ရင်း တစ်ချိန်တည်းမှာပင် ရွှီယွင်ကျန်းနှင့် မျက်နှာကို ဖုံးကာထားဆဲဖြစ်သော အမျိုးသမီးထံ ချဉ်းကပ်လာခဲ့သည်။

မိစ္ဆာဂိုဏ်း၏ 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း'အား သိုင်းလောကတခွင်တွင် အပေါ့ပါးဆုံးနှင့် လက်ရာ အမြောက်ဆုံး ကိုယ်ဖော့ပညာအဖြစ် အမြဲမှတ်ယူ ထားကြသည်။ အကြောင်းမှာ ယခုအချိန်ထိတိုင် ၎င်းထက် အရည်အသွေး မြင့်မားသော ကိုယ့်ဖော့ပညာမျိုး မရှိသလို ၎င်းနှင့်တန်းတူ နှိုင်းယှဥ်နိုင်သည့် ကိုယ်ဖော့ပညာမျိုးလည်း မရှိပေ။ ထို့အပြင် စုယန်၏ အတွင်းအားသည် အလွန် သိပ်သည်းပြီး သူသည် 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း' ကို စူးစူးစိုက်စိုက် လေ့ကျင့်ထားသောကြောင့် သူ၏ လှုပ်ရှားမှုများသည် တုနှိုင်းမရလောက်အောင်ပင် လက်ရာမြောက်ပေသည်။ ကုဖေးတိအား စောင့်မနေရပါက စုယန်သည် ရန်သူများ၏ အတားအဆီးကို အလွယ်တကူဖောက်ထွက်နိုင်ပြီး မိစ္ဆာဂိုဏ်းသည်လည်း ကွဲအက်ချိုင့်ဝှမ်းသို့ ရောက်နေမည်မှာ ကြာပြီဖြစ်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now