အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။

4.3K 898 18
                                    

Unicode

အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။

[ဒါက မင်းရဲ့ပထမဆုံးအကြိမ်လား? ]

ကု‌ဖေးတိ၏ အေးစက်သောအသံကို ကြားလိုက်ရသောအခါ စုယန် ရုတ်တရတ် သတိပြန်ဝင်လာသည်။

သူက ကုဖေးတိ ဖူလင်းယွင်အပေါ်  ပိုအကောင်းမြင်ပြီး နှစ်သက်‌အောင် လုပ်ပေးနေတာလား။ ဒါမှမဟုတ် ကုဖေးတိကို ပိုပြီးဒေါသထွက်အောင် လုပ်နေတာလား။

ဖူလင်းယွင်က ကုဖေးတိရဲ့ ရှောင်ရှစ်မေ့နဲ့ ဇာတ်လိုက်မလေ။ သူ့လို မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်က ဖူလင်းယွင်းအကြောင်းကို  အဆက်မပြတ်မေးနေတာ ဘာသဘောလဲ?

ကုဖေးတိ စိတ်ဆိုးသွားတာ အံ့ဩစရာမဟုတ်ဘူးပဲ!

စုယန်က ချက်ချင်း ငြင်းဆိုလိုက်၏။

"မဟုတ်ဘူး! အဲ့လိုသဘောမျိုးမဟုတ်ဘူး"

ထို့သို့ပြောပြီးနောက် သူ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါနဲ့ ငါတို့က ဘယ်မှာလဲ.. ဒီကိုဘယ်လို‌ ရောက်လာတာလဲ? အဲ့ဒီလမ်းအတိုင်း ပြန်ထွက်လို့မရဘူးလား?"

ကုဖေးတိက ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေသောအသံဖြင့် ပြန်ပြောလေသည်။

သူသည် ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် သူတို့နှစ်ဦး အဲ့‌လော့‌ကွေး၏လူများနှင့် တွေ့ကြုံရသည့် အကြောင်းကို ရှင်းရှင်းလင်းလင်း ပြန်ပြောပြလိုက်၏။

"အဲ့လော့ကွေးက မြစ်ထဲမှာ ပိုက်ကွန်တစ်ခုကို ကြိုချထားခဲ့တာ အသိသာကြီးပဲ။ သူတို့က ဓားပညာရှိဂူသင်္ချိုင်းသတင်းကို အလယ်ပိုင်းလွင်ပြင် သိုင်းလောကအသိုင်းအဝိုင်းဆီ တမင်တကာ ဖြန့်ချလိုက်တာလို့ ငါသံသယဖြစ်မိတယ်။ ဒါပေမယ့် ငါနားမလည်တာတစ်ခုက.. သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာပဲ"

စုယန်သည် အမှောင်ထဲတွင် တွေဝေငေးမော နေလေသည်။

ဤဇာတ်ကွက်သည် မူလက ကုဖေးတိနှင့် ဖူလင်းယွင်တို့ အတွက်ဖြစ်သည်။ သူဘယ်တုန်းကမှ မပါဝင် ခဲ့ရသော်လည်း ဇာတ်ညွှန်းထဲက 'ဓားပညာရှိဂူသင်္ချိုင်း' ဇာတ်ကွက်က ဤမျှရှုပ်ထွေးမှုမရှိကြောင်း သူသိပေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now