အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။

4.8K 953 65
                                    

Unicode

အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။

[ဒီသခင်ငယ်ရဲ့နောက်ကို လိုက်ခဲ့ပေတော့...]

စုယန် ကူကယ်ရာမဲ့စွာ တံတွေးမျိုချလိုက်သည်။

ဤသည်မှာ သိုင်းပညာလောကဖြစ်ပြီး အဆိပ်ပြင်းသော
ကူအမျိုးအစားပေါင်း ထောင်နှင့်ချီရှိပေသည်။

အခု ကုဖေးတိကို ကူးစက်ခဲ့တဲ့ ကူအဆိပ်က မိစ္ဆာဂိုဏ်းရဲ့ တားမြစ်နယ်မြေဇာတ်ကွက်က အဆိပ် ဖြစ်နိုင်ပါ့မလား?

စုယန် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။

"ဒီကူသွေးအဆိပ်ကို အချိန်မီမဖယ်ရှားနိုင်ရင် ဘာဖြစ်မှာလဲ"

မေ့ရှစ်စန်းက မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။ ပြီးနောက် ပြန်ဖြေ၏။

"ဒီကူသွေးအဆိပ်က အချိန်တိုအတွင်း သေစေနိုင်တဲ့ အမျိုးအစားမဟုတ်ဘူးလို့ ဒီလက်အောက်ငယ်သား ကြားဖူးပါတယ်။ ဒါပေမယ့် ကူသွေးအဆိပ်မိထားတဲ့ လူက မိခင်ကူပိုးရှိတဲ့လူနဲ့ တစ်လအတွင်း နီးနီးကပ်ကပ်နေရပါတယ်။ မဟုတ်ရင် သူ့အသက်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"

ဟုတ်ပါသည်။ ဤသည်မှာ ဇာတ်ညွှန်းရှိ ကူအဆိပ်တစ်မျိုးပင်ဖြစ်သည်။

စုယန်၏နှလုံးသည် တဖြည်းဖြည်း နစ်မြုပ်သွား သော်လည်း သူသည် ဇာတ်ကြောင်းပြိုကွဲမှုကို တားဆီးနိုင်စွမ်း လုံးဝမရှိချေ။ သိူ့သော်လည်း ဤကူသွေးအဆိပ်အား ကုသနည်းရှိပြီး ကုဖေးတိသည် ၎င်းကြောင့် သေဆုံးမည်မဟုတ်ကြောင်း သူသိသောကြောင့် သူ့စိတ်ထဲတွင်တော့ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။

သူက ခေါင်းကိုလှည့်ပြီး ကုဖေးတိအား မေးလိုက်၏။

"မိခင်ကူပိုးရဲ့ တည်နေရာကို မင်းခံစားနိုင်လား?"

မိခင်ကူပိုးကိုရှာရန်အတွက် အရင်ဦးဆုံး တည်နေရာကို ဆုံးဖြတ်ရန် လိုအပ်ပေသည်။

ကုဖေးတိလည်း ၎င်းကို တွေးနေခဲ့ခြင်းဖြစ်သည်။ သူ
မျက်မှောင်ကြုတ်ပြီး တခဏလောက် စဉ်းစားပြီးနောက် သူ၏အတွင်းအားကို အသုံးပြုလိုက်၏။ ချက်ချင်း ဆိုသလိုပင် သူ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now