Part_1

28.7K 708 38
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part _1

အသိတစ်ချို့က  သူ့ကိုနောက်ကျတယ်   အသဲကွဲလို့ ဆွစ်ဇလန်ထွက်သွားတာလားတဲ့...
မေတ္တာတွေတော့ တစ်စုံတစ်ယောက်အပေါ်ယိုဖိတ်မိခဲ့ဖူးတာပေါ့...
သံယောဇဥ်တွေကအစွယ်ပွားပြီး တစ်စုံတစ်ယောက်ကိုတာဝန်ယူကာကွယ်ပေးချင်ခဲ့ပေမယ့် ဆုံရဖို့ကံမပါလာသလို ထိုတစ်စုံတစ်ယောက်ဟာလည်း သူ့ရဲ့မေတ္တာတရားတွေကိုအသိအမှတ်သာပြုခဲ့ပြီး တန်ပြန်ညီမျှတဲ့မေတ္တာတရားတွေမပေးခဲ့..သစ္စာရှိသောသူမနဲ့ သူမရဲ့မေတ္တာတရားတွေရရှိထားတဲ့ လူသားတို့ကိုမြင်ကာ အားကျမိပါသည်....
ချစ်ခြင်းမေတ္တာတွေကြီးမားခဲ့တဲ့ သူ့ရဲ့ဂျူနီယာလေး ဟန်ယဥ်ကျေးထွန်းတို့အတွဲကို ကြည့်ကာ 
ချစ်ခြင်းမေတ္တာဆိုတယဟာမမျှော်မှန်းထိုက်သော ဆုလာဘ်တစ်ခုဟု ပိုသိနားလည်လာခဲ့ရသည်...
ဘုရားက သတ်မှတ်ပေးလိုက်တဲ့စုံတွဲတွေမို့ ကိုသက်နဲ့နောင့်ဟာ ချစ်ခြင်းမေတ္တာတရားရဲ့ဆွဲဖြတ်လို့မရတဲ့ နှောင်ကြိုးတွေနဲ့  ရိုးတွင်းချဥ်ဆီတွေထဲထိ ဝင်ရောက်ခဲ့တာဟာသူ့မျက်မြင်ပဲဖြစ်သည်...

ဒါဆို စိုင်းဟန်ခမ်းဖိတ်ဆိုတဲ့ကျွန်တော်အတွက်ချစ်ခြင်းမေတ္တာဟာ မျှော်မှန်းဖို့ထိုက်တန်ပါရဲ့လား...
ဒီလိုအတွေးနဲ့ တွေးကြည့်ရမယ်ဆိုရင် ကျွန်တော်ဟာ တစ်စုံတစ်ယောက်ကို ကိုသက်ဦးသခင်လောက်ချစ်နိုင်ပါ့မလား...
ကျွန်တော်ရဲ့ဘယ်သူမှန်းမသိတဲ့ဖူးစာရှင်ကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးနိုင်မှာလား....
လူတစ်ယောက်ကို အသည်းထဲထိစွဲနေအောင်ချစ်တယ်ဆိုတာကကော တကယ်ပဲလား...
ကျွန်တော်ရဲ့ဖူးစာရှင်ကကော နောင့်က ကိုသက်ကို ချစ်သလို အားကိုးသလိုမျိုးကျွန်တော့်အပေါ်ချစ်နိုင်အားကိုးနိုင်ပါ့မလား...
ကုန်ကုန်တွေးရရင် ကျွန်တော်ဟာ လူတစ်ယောက်ကို ချစ်နိုင်ပါ့အုံးမလားဆိုတာပါပဲ...

Switzerlandနိုင်ငံ Zurich airportကနေ တစ်ဆင့်
စင်္ကာပူလေဆိပ်မှာ ၃နာရီနားကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်ကို ရောက်နေတာတောင်သတိမထားမိ သူအတွေးတွေများနေခဲ့သည်...
နေပြည်တော်ရေဆင်းတက္ကသိုလ်ကနေဘွဲ့ရခဲ့ပြီး ဆစ်ဒနီမှာဒီပလိုမာဘွဲ့သွားယူခဲ့တဲ့သူဟာ အပင်တွေအကြောင်းအများကြီးသိနေတာတောင်မှ သူရဲ့
အိမ်မက်ဖြစ်တဲ့ Flower Box Garden  Resortကို အဖက်ဖက်ကနေပြည့်စုံတဲ့ ကမ္ဘာငယ်လေးဖြစ်စေချင်တာကြောင့် လိုအပ်တဲ့လေ့လာမှုတွေသင်ယူဖို့
Switzerlandမှာတစ်နှစ်နေပြီး အပင်တွေအကြောင်း ပန်းတွေအကြောင်းရာသီဥတုတွေအကြောင်းကို သင်ယူခဲ့ပြီးပြန်လာတဲ့အချိန် သူ့စိတ်တွေပေါ့ပါးနေခဲ့သည်...
@@@@@@@@@@@@@@@

🌟Soulmate🌟[Season(2)]Where stories live. Discover now