Part _23

9.5K 523 25
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 23

"ခြွင်းချန်ထားနေမယ်ဆိုရင် ဒီမြေအောက်ခန်းထဲကနေ မင်းတို့အသက်ရှင်လျက်ပြန်ထွက်သွားမယ်မထင်နဲ့   ဒီထဲမှာ သတ်ပြီးမြုပ်ထားလိုက်ရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး "

မျက်နှာကို အခက်ထန်ဆုံးဖြစ်အောင်လုပ်ကာ တစ်ဖက်လူက ကြည့်လိုက်တာနဲ့ ရှိန်ကြောက်သွားစေတဲ့အရိပ်ရောင်တွေလွှမ်းမိုးသွားအောင် စကားလုံးတွေနဲ့ ခြိမ်းခြောက်ပစ်ရုံမက လက်ပါ ပါလာရတော့သည်...

"ပြော ကဗျာနှင်းဆိုတာ ဘယ်သူလဲ ဘာကြောင့်
မူးခိုဖောနဲ့ငါ့ညီကို လာထိပါးရတာလဲ တစ်လုံးမကျန်ပြော"

ဘေ့စ်ဘောတုတ်တံကိုကြမ်းပြင်ပေါ် တဒုန်းဒုန်း ထုရိုက်ရင်း ငမိုက်သားသုံးယောက်ရဲ့ ပါးစပ်က ဖွင့်အံကျလာမယ့်စကားတွေကို သက်ဦးသခင်နားထောင်ရန်အသင့်....

"မကဗျာက ကျွန်တော့်အစ်မဝမ်းကွဲ သူနဲ့ မမေမီက မမူးခိုကို နာကျည်းချက်တွေရှိတယ် "

"မေမီဆိုတာဘယ်သူလဲ"

"မမေမီရယ် မကဗျာရယ် မူးခိုဖောရယ်က ကျောင်းနေဖက်သူငယ်ချင်းတွေ မေဂျာကင်းက
မူးခိုကို ကြိုက်တဲ့ကိစ္စနဲ့ပတ်သက်ပီးမကျေနပ်တာတွေရှိခဲ့တယ်"

"ဆိုတော့ ကျောင်းတုန်းက ရန်စကို မွေးထားပြီးသူများအောင်မြင်နေချိန် ထိုးချတဲ့ ယုတ်ညံ့တဲ့စိတ်ဓါတ်ကြီးပေါ့ ဒီကြားထဲ ငါ့ညီကိုပါ အသုံးချသွားတာကိုး "

"ကျွန်တော်တို့ကို အစ်ကို့ညီက ပြန်ထိုးနေတဲ့ပုံလေးထွက်လာအောင်ရန်စတဲ့သဘောပဲ ဒါပေမယ့်
အစ်ကို့ ညီက ကျွန်တော်တို့ကို တကယ်အသေထိုးတာ အဲ့ချိန် ကျွန်တော်တို့ကလည်းပြန်ခုခံရင်းလက်လွန်မိတာ တကယ်ဇာတ်တိုက်ထားတာက အစ်ကိုညီကျွန်တော်တို့ကိုထိုးတဲ့ပုံလေးရအောင်ပဲ ဒါပေမယ့် စီစဥ်ထားတွေလွဲသွားခဲ့တာ"

"ခွေးမသားတွေ မင်းတို့က သုံးယောက်ပေါင်းထိုးတော့ ငါ့ညီက ခံမလားကွ ယောကျာ်းစစ်စစ်ကွ မင်းတို့လို မိန်းမတစ်ယောက်ခိုင်းတာကို နောက်ကွယ်ကနေ ယုတ်မာတတ်တဲ့လူမျိုးမဟုတ်ဘူး နားလည်လား "

🌟Soulmate🌟[Season(2)]Where stories live. Discover now