Part_47

11.8K 568 20
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 47

"အလကားစတာပါကွာ မောင်က မောင့်မူးခိုလေးကို ခိုးပြေးပါ့မလားပြော"

"မောင့်ရဲ့ အဖိုးတန်ရွှေရုပ်လေးက တန်ဖိုးရှိတာမို့ သေသေချာချာကို လက်ထပ်တောင်းရမ်းယူမှာဗျ"

"ခိုးပြေးရင်လေ ဒယ်ဒီကတအားစိတ်ဆိုးမှာသိလား "

"မခိုးပါဘူးဆို မူးခိုရယ် မောင်က နောက်ပြောတာပါ"

"အင်းပါ ဒယ်ဒီကလေ ပုံမှန်ဆိုလူအေး တော်ယုံ မိသားစုကိစ္စတွေဆို ဝင်မပါဘူး မာမီပဲအကုန်ကြီးကြပ်ဖြေရှင်းတာ ဒါပေမယ့် သားနဲ့သမီးကို အမြဲမှာတာက လူတော်မဖြစ်ရင်တောင် လူကောင်းဖြစ်ရမယ် သိက္ခာရှိရမယ် ဒယ်ဒီတည်ဆောက်ထားတဲ့ ဒယ်ဒီဂုဏ်သိက္ခာကို မဖျက်မိဆီးစေဖို့နဲ့ မူးခိုတို့သားသမီးဘက်က အဲ့တာလေးတစ်ခုတော့ ပြန်လုပ်ပေး ကျန်တာ အကုန်ဒယ်ဒီဘက်ကတာဝန်ကျေစေရမယ်အဲ့လိုလူမျိုးသိလား"

"ဟုတ်ပါပီဗျာ ယောက္ခထီးကြီးရဲ့စိတ်ဓါတ်ကို တကယ်လေးစားသွားပြီ "

"မောင်နော် ပါးစပ်နဲ့ အတော်အသားယူသိလား"

"ဟား ဟား ဟား"

"ရီမနေနဲ့ မောင်လည်း မူးခိုမေးတာကိုဖြေရမယ် ''

''ကဲ မေးစေဗျာ''

''မောင်နဲ့ မူးခို  တောင်ကြီးမှာပြန်တွေ့တာ ဘယ်ရက်လဲ မောင်မှတ်မိလား''

''အဲ  နေပါအုံး ဒီကနေ  မောင်က သုံးရက်နေ့ကစထွက် မီးပုံးပျံလုပ်တဲ့ဆီမှာကူ  လွှတ်တဲ့ရက်က ဘယ်ရက်လဲဆိုတော့ အင်းးး''

''တော်ပါ  .... ... .... နေ့လေ ဒါလေးတောင် မမှတ်မိဘူး မနေ့ကတော့ မူးခိုကို ဟိုဟာသိလား ဒီဟာ မှတ်မိလားတွေနဲ့ သူ့ကျတော့ရော ဘာထူးလဲ''

''ဆောရီးပါ မူးခိုရယ် နော် ကဲ မောင့်ကို အပြစ်ပေးကွာ ဘယ်လိုလုပ်ချင်လဲ  ရော့ ပြန်နမ်းပစ်လိုက် အပြစ်တွေ ပေးပစ်လိုက်"

''ဟွန့်  မောင်တော်တော် နစ်နာနေအုံးမယ်''

''နစ်နာစမ်းပါစေ  မူးခိုလေးနဲ့ ပတ်သက်လာရင် မောင်က အရမ်းကို အနစ်နာခံချင်နေတာ  ရော့ အင့် နမ်းပစ်လိုက်'''

🌟Soulmate🌟[Season(2)]Where stories live. Discover now