Part _40

11.2K 625 28
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 40

"မောင် ဒါ  ဒါတွေက '''

အဟွန်း သူက မောင် မြင်မြင်ချင်း ချစ်မိသွားတဲ့ ကောင်မလေးလေ....

"ရှင်''

"မောင် မဟုတ်တာ မပြောနဲ့နော် "

"မူးခိုက မောင့်ကို လေဆိပ်မှာ စတွေ့ဖူးသလို မောင်ကလည်း မူးခိုကို လေဆိပ်မှာစတွေ့ဖူးတာ  ကောင်မလေးတစ်ယောက် မောင့်ကို ​ငိုက်ဆင်းကြွေကျနေတာမြင်ပြီး မောင်ကလည်းရင်တွေခုန်သွားတာ အဲ့ဒီကောင်မလေးရှက်မှာစိုးလို့ မျက်မျက်ကြီးတပ်ပြီးခိုးကြည့်ပြီးမသိချင်ယောင်ဆောင်ခဲ့ရတာ"

"အယ် "

အဲ့ဒီတုန်းက မောင်ကို မူးခို တော်တော်ကြီးငေးယူခဲ့တာသတိရပြီး ပြုံးမိလေတော့သည်...

"နောက်တော့ Resortမှာ မူးခိုမျက်နှာလှလှလေးမြင်ယောင်ရင်း ရတနာသူသီချင်းဆိုခဲ့တာ ခံစားချက်တွေကောင်းနေလို့ recordယူထားတာ"

"အဲ့တုန်းက မူးခို သိပါတယ်နော် မောင်သံလေးကြားပြီးသဘောကျလို့ လိုက်ရှာတာ တားမြစ်နယ်မြေဆိုပြီးတားနေကြတာလေ "

"နောက်တော့ မူးခိုက မောင့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်လေ "

"ဟွန့်  ညာနေပြီးတော့များ"

"မောင်က တမင်ညာနေတာမှ မဟုတ်တာ မောင်မရည်ရွယ်ပဲ လိမ်မိတာ မူးခိုက အမြဲလွဲနေတော့ စနောက်ရင်း ညာညာမိတော့တာ"

"တော်ပါ ချေမိုးကုဋေစိုးနေတာကိုများ"

"အဲ့တာကတော့ မောင်​က ဟန်လုပ်ရတယ်လေ သဘောကျမိတဲ့ အမျိုးသမီးလေးက ဆယ်လီလေးဖြစ်တဲ့အပြင် ကျော့နေအောင်လှတော့ ဆိုင်သူရှိနေမလား လက်တွဲဖော်ရှိနေမလား မောင်က မသိတော့  ခပ်တည်တည်ပဲနေရတာပေါ့  ဘယ်လောက်ချစ်နေလဲဆိုတာ သိသွားတာက မူးခိုမောင့်အလုပ်ကိုသိသွားလို့ စိမ်းကားသွားချိန်က "

မောင့်နဲ့ထပ်တူ ရင်ခုန်ခဲ့ရတာတွေဆိုတာတွေ သိရတော့  မူးခို ကြည်နူးမဆုံးဖြစ်ကာ လေပေါ်တောင်ပျံချင်သွားလေသည်...
မူးခိုကပဲတစ်ဖတ်သတ်မဟုတ်တာသိရတော့ ပျော်လိုက်တာများ စာတောင်မဖွဲ့တတ်တော့ပါ...

🌟Soulmate🌟[Season(2)]Where stories live. Discover now