Part _30

12.6K 637 63
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 30

သူရှိခိုးပြီး မူးခိုလေးကို လှည့်ကြည့်လိုက်တော့ သူမလေးက ထဖို့ ပြင်နေလေသည် ....

ဟန်ခမ်း မူးခိုလေး လက်ထဲက ဘုရားပန်းတွေ ဆွဲယူလိုက်ကာ ကိုယ့်လက်ထဲက ဘုရားပန်းတွေနဲ့ အတူတူ ပန်းအိုးကြီးထဲမှာ အတူတူ  ထိုးစိုက်ထားလိုက်တော့သည်....

"အစ်ကို့''

မူးခိုရဲ့ ရှက်လန့်တကြား အသံလေးကြောင့် ဟန်ခမ်း ပြုံးပြလိုက်ပြီး ...

''အခုလို တစ်အိုးထဲ အတူတူ လှူတာ ဘာဖြစ်လို့လဲ
မူးခိုလေးရဲ့  နောက်လည်း တစ်သက်လုံး အတူတူ လှူကြရမှာလေ...."

"အစ်ကိုနော်"

"ကြာသာပတေးသားက အင်္ဂါနာမ်ထောင့်မှာ အတူတူလာဦးချရှိခိုးတည်းက ဟောဒီက ကောင်မလေးနဲ့ ဖူးစာဆုံချင်လို့ဆိုတာမသိဘူးလား"

"ဟင့်အင်း မသိချင်ဘူး "

"မူးခိုကလည်းကွာ ကျွန်တော်စိတ်ကိုသိရက်နဲ့ဗျာ"

"မူးခိုကိုစောင့်နေပြီသွားတော့မယ်အစ်ကို "

"မူးခို ကျွန်တော်ကို လက်မခံမခြင်း ကျွန်တော် လိုက်နေမှာနော် အဲ့တာသိထားပေး"

ဝမ်ဝမ်တို့ဆီ ခပ်မြန်မြန်လျှောက်သွားချိန် အနောက်ကနေ အစ်ကိုက ခပ်ကြိတ်ကြိတ်အသံ​ကို ကြားလိုက်ရလေသည်...

"ဟယ် မူးခို ဒါ ဘယ်သူ့Jacketကြီးလဲ "

"ဟင်...မသိဘူး "

ဝမ်ဝမ်တို့ထင်ချင်သလိုသာထင်တော့ မူးခိုတော့မျက်နှာပူရတာမို့ ခပ်မြန်မြန် ဘုရားပေါ်က ဆင်းရလေတော့သည်...

"ကြည့်ပါအုံး ဘေဘီရယ်  သဘာဝအတိုင်းကို ဒီလောက်တောင် လှနေရတယ်လို့''

'''အဟင်း ဒါတုန်တုန်တို့ ရှမ်းပြည်လေ''

''ဟုတ်ပါ့ဗျား ရှမ်းပြည်နယ်ကြီးကလည်းရင်သပ်ရှုမော လောက်အောင်လှ ရှမ်းပြည်နယ်က ကျွန်တော့ချစ်သူ ကောင်မလေးကလည်းအရမ်းအရမ်းလှ'''

''ကောင်မလေးတွေပဲ လှတယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ"

"ဒီက ရှမ်းကောင်လေးကိုလည်း  သေချာကြည့်အုံးလေဗျာ'"

🌟Soulmate🌟[Season(2)]Where stories live. Discover now