Part _16

10.3K 625 34
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 16

ဪ ဒီလိုလားလို့ ခပ်ပေါ့ပေါ့ ဟန်လေးနဲ့ ပြောလိုက်ပေမယ့် ရင်ထဲမှာ မပေါ့နိုင်တာကိုတော့မူးခို အသိဆုံး...

ရှက်ခြင်း ခံပြင်းခြင်း  ဒေါသထွက်ခြင်းသိမ်ငယ်ခြင်းလိုလို ခံစားချက်တွေ အမျိုးမျိုးက ရင်ထဲမှာ ပြည့်လျှံလာပြီး လည်ချောင်းဝထိ ရောက်လာသလားတောင် ထင်နေရတာမို့ မူးခို လုံးဝ ဆက်စားလို့ မရတော့....

ပန်းကန်ထဲမှာ ထမင်းတွေ အများကြီး ကျန်သေးပေမယ့် မူးခို ဆက်မစားတော့ပဲ ထမင်းစားခြင်းကို လက်စသတ်လိုက်တော့သည်.....

"ဟယ် မူးခို တော်ပြီလား နင်စားတာကလည်း နည်းလိုက်တာဟာ''

"အင်း တော်ပြီ'''

မူးခိုက ဘေစင်မှာ ပန်းကန်ဆေးဖို့ လုပ်နေတော့ ကြည်ဖြူက ထအော်လေသည်.....

"ဟဲ့ မူးခို နင်ဘာတွေ လုပ်နေတာတုံး ပန်းကန်က ချထားလေဟာ ကောင်မလေးတွေ ဆေးမှာပေါ့ '''

"ရပါတယ်ဟာ  ငါလက်လည်း ဆေးရအုံး
မယ့် ဥစ္စာ''

အမှန်က မူးခို တမင် အချိန်ဆွဲနေတာပါ ဟိုအစ်ကိုက မူးခို တစ်ခုခု ပြောတော့မလို ဟန်ပြင်နေတာကြောင့်  အိမ်ရှေ့ကို မထွက်သေးပဲ လူတွေ ရှိတဲ့နားမှာပဲ မူးခို အလုပ်ရှာကာ လုပ်နေခြင်းဖြစ်သည်.....

မူးခိုဖော မျက်နှာလေးက အရိပ်မျိုးစုံ ဖြတ်ပြေးသွားပြီး သူ့ကို ခပ်တည်တည် စိုက်ကြည့်နေကတည်းက ဟန်ခမ်း ထမင်းဆက်စားလို့ မရတော့ ....

သူမလေး အိမ်ရှေ့ကို ထွက်သွားရင်
လိုက်သွားဖို့ စိတ်ကူးထားပေမယ့် သူ့အကြံကို ရိပ်မိနေပုံရတဲ့ သူမလေးက မီးဖိုထဲကနေ အခုထိ မထွက်သေးတာမို့ ဟန်ခမ်း စိတ်တွေ ညစ်နေရလေသည်.
_
_

_
_

အားလုံးစားလို့  ပြီးကြတော့ အသီးအနှံ ပန်းကန်တွေ သယ်ပြီး အိမ်ရှေ့ ဧည့်ခန်းမှာ ထိုင်ကာ  စကားပြောနေကြပြန်လေသည်....

မူးခိုက ကြည်ဖြူမြင့်မြတ်နားမှာ ကပ်ထိုင်နေကာ သူ့ဖက်ကို တစ်ချက်လေးတောင် လှည့်မကြည့်တာမို့  ဟန်ခမ်း နေရခက်လှသည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now