Part_77[The End]

16.1K 781 80
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 77 [ဇာတ်သိမ်းပိုင်း]

နှစ်ယောက်သား တင်းကျပ်စွာ ဖက်ထားကြကာ မျက်လုံးတွေ မျက်ရည်တွေ ဝဲနေကြလေသည် .....

ဒီအခြေအနေကို အားလုံးရဲ့ရင်ထဲမှာ ထပ်တူ ခံစားပြီး နားလည်နေကြပုံရကာ အမွှာလေးတွေကော ဝိလေးနဲ့ မိုးမခလေးကပါ တိတ်ဆိတ်နေကြလေသည် ....

ခုနက ဗျောင်းဆန်အောင် ဆော့နေကြတာ သူတို့မဟုတ်တဲ့အတိုင်း ဘယ်သူ့ဆီကမှ ဘာသံမှ ထွက်မလာကြတော့.....

အတွေးကိုယ်စီနဲ့ အတန်ကြာအောင် တိတ်ဆိတ်နေကြရာက ဦးလောင်ဖိတ်က ....

"ကဲ  သက်သေတွေကလည်း တစ်မျိုးပြီးတစ်မျိုး ပေါ်လာနေတော့ တကယ့်အမျိုးအရင်းတွေဆိုတာ အငြင်းပွါးစရာလည်း မလိုလောက်တော့ပါဘူး အားနာစရာတွေလည်း မရှိကြလောက်တော့ဘူးလို့ ထင်တာမို့ အမွေခွဲဝေပေးမယ့် ကိစ္စလေးကို ထပ်ပြောပါ့မယ်'''

''အမွေ ဟုတ်လား  ''

''ဟုတ်တယ် မနန်း နန်းစမ်းခမ်းရဲ့ ပိုင်ဆိုင်မှု တစ်ဝက်တိတိကို ခွဲဝေပေးမှာပါ"

''ဪ ငါ့မောင်ရယ် အရင်ဘဝက တော်စပ်ခဲ့တာကို အစ်မတို့က ယုံပါတယ် ဒါပေမယ့် ဒီဘဝမှာ အဲဒီလိုကြီး မသက်ဆိုင်ဘူးလေကွယ် အစ်မသေသွားလို့ ငါ့မောင်ရတာ ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာလေ ပြီးပြီပေါ့''

''ဒါဆို  မောင်သက်ဦးက ဟန်ခမ်းကို အခုနေတဲ့ ခြံနဲ့အိမ်ပေးတာ ကျတော့ကော ''

''ဦးလေးကလည်း ဒါက ကျွန်တော်ဟန်ခမ်းကို တကယ့် ညီအရင်းလို ချစ်လို့ ပေးတာပါ''

''ငါလည်း အဲလိုပဲပေါ့ ငါ့တူရ မင်းတို့ အမျိုးတော်စပ်မှန်း မသိပဲနဲ့တောင် အရမ်းကို ပေးချင်နေတာ မဟုတ်လား '''

''ငါက အခု ပိုဆိုးတာပေါ့ကွ အစ်မရယ် တူရယ် တွေ့နေရတာကို ဘာမှ ခွဲမပေးရသေးလို့ နေရတာ စိတ်ကို မဖြောင့်ဘူး''

''ဟာဗျာ ဦးလေးကလည်း ဘာမှ မဆိုင်တာကြီးကို''

''ဘာကို မဆိုင်တာလဲကွ''''

''ပူ  အန်ကယ်သက်ကို ဝန်းရဲ့ သေတ္တာထဲကဟာတွေ ခွဲပေးလိုက်အုံး'''

🌟Soulmate🌟[Season(2)]حيث تعيش القصص. اكتشف الآن