Part_68

13.2K 674 31
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 68

ဆေးရုံမှာတစ်လတိတိနေရပြီးတော့ ဝန်းလေးက ၅ပေါင်လောက်  ရောက်သွားတာမို့ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်လေသည်....
မူးခိုရဲ့ သားလေးအပေါ် ဂရုစိုက်နိုင်မှုက တကယ့်ကိုလက်ဖျားခါရပါသည်..
နေ့ရော ညရော သားလေးကို ဆေးရုံက ချမှတ်ပေးထားတဲ့အချိန်အတိုင်း မိခင်နို့ရော နို့ဘူးကိုပါသေသေချာချာ နည်းစနစ်မှန်မှန်နဲ့ တိုက်တာမို့သားလေး ၂လအရွယ်ရောက်လာတော့ သိသိသာသာလေးပြောင်းလဲလာတော့သည်....

"မောင် သားကို ကြည့်ပါအုံး မွေးစကနဲ့လုံးဝတစ်ခြားစီနော်"

"ဟုတ်ပါရဲ့ကွာ အခုကျတော့ ဝန်းလေးက ချစ်စရာတတုံးတခဲကြီးဖြစ်နေပြီ"

အဆီခမ်းပါးပြီးရှုံ့တွနေတဲ့ နီနီရဲရဲသေးသေးကွေးကွေးလေးဟာ အခုတော့ ဖြူလုံးနေသော ဝက်ပေါက်လေးဖြစ်လာပြီဖြစ်သည်...

"သူ့လေးလေးမင်းသန့်ကလေ သူ့တူအတွက်ဆိုပြီး  baby boiler suitဝယ်ပြီးလာပို့ပေးတာ
ဝန်းလေးနဲ့ မတော်လို့ မနေ့က  မိုးမခလေးကိုပဲပေးလိုက်ပါတော့ ကိုကိုရယ်ဆိုပြီးပြန်ပေးလိုက်ရတယ်"

"ဟုတ်လား မတော်ဘူးလား"

"သူ့ရှေ့တင် တိုင်းပြလိုက်တာလေ"

"သမီးမိုးမခနဲ့ တော်တယ်တဲ့ အပြာနဲ့အဖြူက ဝန်းလေးအတွက် ခရမ်းနဲ့ ပန်းနုက သမီးအတွက်ဆိုပြီး ကိုကိုက ဝယ်လာတာတဲ့"

"ဟောဗျာ မောင်လည်း မအားတာနဲ့ မိုးမခမင်းသန့်လေးဆီ မရောက်ဖြစ်တော့ တူမလေး ဘယ်လိုဖွံ့ဖြိုးနေလဲဆိုတာမောင်သေချာလိုက်မမှီဘူးဖြစ်နေတာ"

မင်းသန့်နိုင်ထွဋ်နဲ့နန်းယဥ်ယဥ်ခမ်းရဲ့သမီးလေး
မိုးမခမင်းသန့်လေးသည် စိုင်းဝန်းဖိတ်ထက် တပတ်နောက်ကျပြီးမှ မွေးဖွားလာခဲ့လေသည်....

"မောင် ထမင်းစားတော့မလား မူးခို ခူးပေးမယ်လေ"

"နေနေ မူးခိုရယ် သားအိပ်တုန်း နားနားနေနေလေး နေနော် မောင် ကိုယ့်ဘာသာ ခူးစားမယ်"

"အာ့ဆို အထွေးကို ခူးခိုင်းလိုက်ရမလား "

မူးခိုဆေးရုံဆင်းပြီးတော့ မာမီနဲ့ မဲ့က တစ်လှည့်စီလာနေပေးပြီး အထွေးကိုတော့ အနားမှာထားပေးထားလေသည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now