Part _57

24.2K 715 43
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 57

"မာမီကို သေချာပြောပြပါလား သားရယ် ကိစ္စတွေက ရှုပ်ထွေးနေတာပဲ"

"သားတာဝန်မယူဘူးလို့မပြောမိပေမယ့် သူ့ကို စကားအကြမ်းသုံးခဲ့မိတယ် မာမီ အဲ့ဒီအတွက်လည်း ပြောပြီးမှနောင်တတွေရနေမိခဲ့တယ်..."

ဆေးရုံကုတင်ထက်ဝယ် သက်ပြင်းကြီးကြီးချရင်း မင်းသန့်နိုင်ထွဋ်သည် မိခင်ဖြစ်သူကို ရင်ဖွင့်နေလေသည်....
ဒယ်ဒီကတော့ အဝေးမှာ စာအုပ်တအုပ်ဖတ်နေရင်းထိုင်ကာ သူပြောတာတွေကိုအာရုံပြုနေရင်တော့ ကြားချင်ကြားပါလိမ့်မည်....

"သူနဲ့သားက အမြဲရန်ဖြစ်နေရတာများတယ် စိတ်ဆိုးစိတ်ကောက်ဖြစ်ကြရင် သုံးလေးရက်မခေါ်ကြဘူး အခုလည်း စကားများပြီး သားဒေါသတွေထွက်နေခဲ့တာ....ကိစ္စတွေမဖြစ်ခင် ကိုရီးယားကိုသွားဖို့က အားလုံးကတိပေးပြီးသား အဲ့ဒီပြိုင်ပွဲဝင်ထားတဲ့ Documentryကလည်း သားကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး သူနဲ့သက်ဆိုင်တာတွေအများကြီးပါတဲ့ဟာလေးပါ အမှတ်တရဖြစ်ရအောင် ဒါလေးနဲ့ Proposeလုပ်ချင်တာ  သွားမှာက နှစ်ရက် ပြန်လာရင်ချော့မယ်ဆိုပြီးသွားတာ အဖျားတွေတက်ပြီးလဲသွားရင်း ရက်တွေကြာသွားတာ မျက်နှာကလည်းစုတ်ပြတ် ဒီကလူတွေစိတ်မပူစေချင် သတင်းတွေကို mediaကလိုသလိုရေးရင် ပိုရှုပ်ကုန်မှာဆိုးလို့ သတင်းအမှောင်သားကချခိုင်းလိုက်တော့ ဒီဘက်ကို သတင်းမပြန့်တာ"

"ဟောတော့ ဖြစ်ရလေသားရယ်"

"အခုဆို သူက သားဖုန်းကိုပါblock ထားတယ် သားကို စိတ်နာသွားပြီထင်တယ်"

"မဖြစ်သေးပါဘူး ကိုညီ ရှင်ကြားတယ်မဟုတ်လား ကျွန်မ မောင်သက်ဦးမိန်းမဆီ ဖုန်းခေါ်လိုက်ပြီး အကျိုးအကြောင်းပြောပြရမယ်"
_
_
_
_
"Ring Ring Ring"

"ဟေ့ကောင် ညမိုးချုပ်နေပြီ ဘာလို့ဆက်နေတာလဲ"

"ကိုသက် ကျွန်တော် Linkတစ်ခုပို့ထားတယ်
ဝင်ကြည့်လိုက် မူးခိုဖောအစ်ကိုရဲ့ သတင်း  Korean wave mediaတခုကနေတင်ထားတာ ကျွန်တော်တို့တော့ လူဆိုးဖြစ်ပြီနဲ့ တူပါရဲ့ "

ဒေါ်နန်းမြမွန်က မူးခိုဖောကို သိမ်းပိုက်ထားပြီး အိပ်တော့မလို့ လုပ်နေစဥ် ဟန်ထွန်းလေးဆီက ဖုန်းဝင်လာလေသည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now