Part_63

18.8K 703 53
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 63

ပွဲလည်းပြီးသလောက်ဖြစ်ကာ ဓါတ်ပုံတွေကိုယ်ဆီရိုက်ပြီး မူးခိုသည် ပန်းစည်းကိုနောက်ပြန်ပစ်ဖို့လုပ်နေလေသည်.....

"ဝမ်း....တူး....သရီး"

လက်ကိုင်ပန်းစည်းသည် လည်ကတုံးရှပ်ဖြူဖြူကို စိန်ကြယ်သီးကြိုးတွဲလောင်းကျနေကာ ပုဆိုးအပြာရင့်ရင့်  ကွက်စိပ်ဝတ်ထားသော အမျိုးသားလက်ထဲသို့ဆိုက်ဆိုက်မြိုက်မြိုက်ကျသွားလေတော့သည်...

"Wow"
"Wow"

"ဘယ်သူလဲမသိဘူးနော် ချောလိုက်တာ"
"အဆင်လေး"
"အားကိုးချင်စရာvisualကြီးဟာ"

မိန်းကလေးတွေရဲ့ တီးတိုးစကားသံအပြင် အားလုံးရဲ့အပြုံးတွေက သူ့စီကျနေတာမို့ ဘုန်းဆက်ခိုင်ခံ့
သည် အနေရခက်သွားလေသည်.....
လာတည်းကဘာမှတောင်သိပ်မစားဖြစ်ပဲ
ဆရာညီထွဋ်ကို နှုတ်ဆက်ကာ ပြန်ဖို့လုပ်နေတဲ့ဟာကို ဒေါ်တာသတိုးပိုင်က သူကားမပါလို့စောင့်ပါအုံးပြောလို့ ထိုင်စောင့်နေတာကို အခုတော့ အနေခက်တဲ့ဖြစ်စဥ်ကြီးတဲ့ကြုံနေရတာမို့ စိတ်အိုက်သွားလေသည်...
ပန်းစည်းကြီးကို ကိုင်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကာ လူက ချွေးပျံလာတာမို့ လက်ကိုင်ပဝါကို ထုတ်ကာ ချွေးသုတ်ရလေတော့သည်...

"ကြည့်နေတာ ဘုန်းဆက် ဟုတ်နေတာပဲ"

"အော်  မလင်းသန့် "

တည်ငြိမ်လင်းသန့်ကို နှုတ်ဆက်လိုက်ကာ ထွက်လာနေတဲ့ ချွေးတွေကို ဆက်သုတ်လေသည်...

"အသားတွေလည်း ပွန်းပဲ့ကုန်တော့မှာပဲ  ငါ့လက်ကိုင်ပဝါပါငှားဖို့လိုသေးလား "

"ကိုကိုကလည်း"

တည်ငြိမ်လင်းသန့်သည် လင်းခေတ်မင်းကိုတစ်တောင်ဖြင့်တွတ်လိုက်လေသည်...

"မင်း ဘယ်တုန်းကရောက်တာလည်း"

"ကြာပြီ ပြန်မလို့  သူငယ်ချင်းကိုစောင့်နေတာ"

"သတိုး မင်းမပြန်သေးဘူးလားကွာ ငါပြန်ချင်နေပြီ"

ပန်းစည်းကြီးကို ကိုင်ကာ အလိုမကျရင် တွန့်လိမ်ကောက်ကွေးနေတတ်သောညီဝမ်းကွဲဖြစ်သူရဲ့မျက်ခုံးကို ကြည့်ကာ လင်းခေတ်မင်းရီချင်လှသည်...

🌟Soulmate🌟[Season(2)]Nơi câu chuyện tồn tại. Hãy khám phá bây giờ