Part_76

10K 528 15
                                    

Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 76

လက်တောက်လောက်လေးပဲ ရှိသေးတဲ့ ကိုဟန်ခမ်းသားက သူ့အဖိုး မျက်နှာကို ကြည့်ကာ လက်ခလယ်  ထောင်ပြနေတဲ့ပုံကို ကြည့်ကာ သျှင်နေစက် ဖျားသွားရသည်......

"ဟားဟားဟား''

မြေးဖြစ်သူကို မဆူပဲ ရီနေတဲ့ ဦးလေး လောင်ဖိတ်ကိုလည်း သူ အံဩလို့ မဆုံးနိုင်ပါ.....

"ဝန်းလေး နင်က ဘာလို့  လက်ခလယ် ထောင်ပြနေရတာလဲ'"

''ဟေ့ လိင်းတွေ  ငါ့ကို လာမပြောနဲ့'''

သက်ဦးသခင်ရဲ့သမီးလတ် ပီတိသခင်ကို ဝန်းက အော်ထည့်လိုက်လေတော့သည်.....

"လာပြန်ပြီ လိင်းက ဘာလဲ တိတိတို့ နားလည်အောင်ပြောလေ''

''မြေးတို့  အရမ်းဆော့လို့တဲ့ ဝန်းလေးက ရှမ်းလို ဆူနေတာ ဟားဟား''

ဦးစိုင်းလောင်ဖိတ်ပြောတာကို ပညာသခင်လေးက သဘောပေါက်သွားကာ.....

"ဟာ အဲဒါဆို ဘာပြောလဲဆိုတာ ညာညာ သိပြီ  ငါတို့ကို လာမပြောနဲ့ မင်းသာ monkey "

'''ခစ်ခစ် ကိုရီးယားလိုပြောရမလား ဝန်စွန်းငီ 
ဝန်းကဝန်းစွန်းငီ"

အလင်္ကာသခင်ကပါဝင်ပြောတာနဲ့ ပီတိသခင်ကထပ်ပြောလေသည်...

"တရုတ်လိုဆို နင်က ဝူခုံး''

'''မမကာကာ အဲဒါဆို ဝန်းလေးက မျောက်ပေါ့  ဟုတ်လား "

''ခစ်ခစ် ဟုတ်တယ် ဝိလေး'''

'''ခစ်ခစ်ခစ်'''

''ဟိဟိ'''

''ဟာ နင်တို့ကများ'''

'''လုံလေး!!'''

''ဝု''

'''လျောင်း!!!!'''

'''ဝု ဝု''

"ငါ့ကို လျောင်းပေးစမ်း"

အမွှာသုံးကောင်နဲ့ ဝိလေးက စနေကြတာကို နားထောင်နေရင်း ဝန်းလေး မျက်နှာက နီရဲလာကာ အော်ပစ်လိုက်တာက အာခေါင်သံနဲ့ အကျယ်ကြီး ဖြစ်သည်.....

လူကြီးတွေက ကြောင်ကြည့်နေဆဲ ရန်မျိုးလုံလေးက  ရှမ်းတွေ လွယ်တဲ့ ဓါးရှည်ကို ပါးစပ်နဲ့ ကိုက်ချီကာ ပြေးထွက်လာတော့မှ  သတိဝင်လာကာ ကလေးတွေကို ဆွဲရ ဟန့်ရတော့သည် .....

🌟Soulmate🌟[Season(2)]Where stories live. Discover now