Part_72

12.5K 656 24
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 72

ရင်ခွင်ထဲ လစ်ဟာနေသလို ကြည့်လိုက်တော့  မူးခိုက သူ့ရင်ခွင်နဲ့ဝေးနေတာမို့ ဟန်ခမ်းသည် ဂျိုင်းကနေ မချီကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့...

"ဟင့်  "

မူးခိုသည် လူးလွန့်ကာ စောင်ကို ကန်ထုတ်ပြီး သူ့ရင်ခွင်ထဲကနေပြန်ထွက်သွားလေသည်....
သူသည်လည်း မူးခိုရင်ခွင်ထဲမရှိလျှင် မအိပ်တတ်ဖြစ်နေကာ ပြန်ပြီးဆွဲကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းပြန်တော့...

"ပူတယ် မောင်ရာ"

သူ့ရင်ခွင်ထဲကနေ ပြန်ရုန်းပြီး ဘေးကို ကပ်သွားတာမို့ ဟန်ခမ်းသည် မျက်မှောင်ကျုံ့သွားလေသည်....
ကုတင်ခေါင်းရင်းက Aircon remoteကိုယူကာသူသည် Temperatureကို အမြင့်ဆုံး ​ချိန်လိုက်လေသည်......
နောက်ဆုံးမှာတော့ သူဖြစ်စေချင်သလို မူးခိုသည် သူ့အနားပြန်တိုးကပ်လာပြီးသူ့ရင်ခွင်ထဲလာအောင်းလေတော့သည်...

"အဟွန်း ဒီလိုမှပေါ့"

မူးခိုကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲကျုံးသိမ်းဖက်ပြီး နဖူးလေးကို အနမ်းခြွေလိုက်ကာ မျက်လုံးတွေပြန်မှိတ်လိုက်ပြီး အိပ်စက်ခြင်းဆီသို့......

ညက မူးခိုကို လူလည်ကျတဲ့သူဟာ မနက်ရောက်တော့ မထနိုင်ပဲ ဖျားလေတော့သည်...
တစ်ရက်တစ်ရက် နေပူထဲအပင်တွေလုပ်လိုက် အရိပ်ထဲပြန်လာလိုက်နဲ့ အပူအအေးမမျှတဲ့သူက ညကအအေးဒဏ်နဲ့ ခံရပြီဖြစ်သည်.....

"မောင်ရေ ဆေးသောက်ရမယ်နော်"

မူးခိုတို့စသိလာစဥ်ကနေ အခုလင်မယားဖြစ်တဲ့ထိမောင်ဟာမဖျားမနာဖူးတာမို့ မူးခိုမှာ မောင့်အတွက်ပျာနေရလေသည်.......

"မောင် ထနိုင်လား မူးခိုတွဲရမလား"

မောင်စောင့်ကိုဖယ် ဆွဲထူကာဆေးတိုက်လိုက်လေသသည်....

"ဘာစားချင်သေးလဲ ဆန်ပြုတ်ထပ်သောက်အုံးမလား"

"ဟင့်အင်း မောင်ခဏအိပ်ချင်တယ်"

"အင်းအင်းအိပ်လိုက်နော်"

"ဝန်းကို အနားမလာခိုင်းနဲ့နော် မူးခို  "

🌟Soulmate🌟[Season(2)]Where stories live. Discover now