Extra_1

9K 443 19
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Extra _1

"ဝန်းလေး ရော့ ဒါလေးရော ဝတ်ကြည့်"

"တိုနေပြီ မယ့် ဒီလို တိုနေရင်  ဝန်းမကြိုက်ဘူး''

''သား လာ ဒါလေး တစ်ထည် ကျန်သေးတယ်''

''မယ့် ဒါက ခုနဟာ အတူတူပဲ ဝန်းနဲ့ မတော်တော့ဘူး''

"ဟယ် သားရယ် မယ့်သားလေးက ဒီလောက်တောင် ထွားလာရလား မယ့်ဝယ်ပေးထားတာ ခြောက်လတောင် မပြည့်သေးတဲ့ဟာကို"

"ဟော  ဒီအသားအမိ ဘာတွေ ဖြစ်နေကြတာလဲ "

သမီးဝါးဝါးကို ချီကာမောင်သည် မူးခိုတို့အနားကိုရောက်လာလေသည်....

"မောင့်သားလေ အရမ်းဆော့ အရမ်းစား အရမ်းအိပ်နဲ့ ကြည့်ပါအုံး ဘယ်လောက်တောင် ထွားလာလဲဆိုတာ ''

''ဟုတ်ပကွာ ဖော့သားလေးက မွေးတုံးက သေးသေးလေးဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး''

''ဒီပိုးထည်တွေက ဘာလို့ ဝတ်ကြည့်နေကြတာတုံး''

''စိုင်းစံတစ်တို့ မင်္ဂလာဆောင် ဖိတ်ထားတယ်လေ မောင်ရဲ့ အိမ်အထိတောင် လာဖိတ်ထားတာဆိုတော့ မသွားလို့ မကောင်းဘူး ဟန်ထွန်းလေးတို့ကိုလည်းဖိတ်ထားတယ် သူတို့လည်းတက်ကြမယ်ထင်တယ် မူးခိုတို့လည်း ပွဲတက်ရမှာပေါ့"

"ဟား မောင်က မေ့တောင်နေတာကွာ ကြည့်စမ်း
မူးခို အစဖော်မှပဲ သတိရတော့တယ်''

''အဲဒါ သားလည်း လိုက်မယ်ပြောလို့ သားအင်္ကျီလေးတွေ စမ်းဝတ်နေတာ အကုန်သေးနေလို့ မောင်ရဲ့''

''ဟုတ်လား''

"ဖော့ သမီးလေးက ငယ်သေးတယ် ခေါ်သွားလို့ကောင်းပါ့မလား"

မောင်သည် လက်ထဲကသမီးလေးကို ငုံ့နမ်းရင်းမေးနေလေသည်....

လေးလသမီးလေးက ဘာတွေနားလည်လည်းတော့မသိ တခိုးခိုးတခစ်ခစ်ရီနေလေတော့သည်....

"မောင့်သဘောလေ ခေါ်သွားမလား ထားခဲ့မလား"

"သမီးက နုနယ်သေးတယ် မူးခို မောင်ရယ်သားရယ် မူးခိုရယ်ပဲသွားကြတာပေါ့"

"ဟုတ်"

"မောင့် သားအင်္ကျီတွေက သေးနေပြီလေ"

🌟Soulmate🌟[Season(2)]Where stories live. Discover now