Part _46

16.6K 637 32
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 46

"ကျွီ"

"ဟာ ကိုကို ဘာလို့ဝင်လာတာလဲ"

အခန်းထဲကို ကိုကိုကဝင်လာတာမို့ နန်းယဥ် လန့်သွားကာ ကုတင်နဲ့ကွယ်ကာ ငုပ်တုတ်ထိုင်ချလိုက်လေသည်...

"အင်္ကျီလာပေးတာ"

တဘက်ဖြူကြီးကိုရင်လျားပတ်ထားတာမို့ ပေါင်တံဖွေးဖွေးလေးနဲ့ ခြေသလုံးပြောင်ပြောင်လေးတွေက သူ့မျက်စိထဲကမထွက်...
သူဝင်လာတော့ လန့်ရှက်သွားပုံလေးနဲ့ကုတင်နားထိုင်ချလိုက်တာမို့ ခေါင်းလေးသာမြင်ရလေသည်....

"ရော့ လာယူ"

"အဲ့နားကခုံပေါ်တင်ခဲ့ နန်းယဥ်ပြီးရင်လာယူမယ်"

မင်းသန့်နိုင်ထွဋ်ကလည်း စလို့ကောင်းနေတာမို့ ညစ်ပြလိုက်လေသည်....

"မထားခဲ့ချင်ဘူး ယဥ်ယဥ် လာယူ"

"ကိုကိုနော် "

ဖုန်းပစ်ထားတဲ့ကိစ္စတောင် သိပ်မကြေလည်သေးတာမို့ သူထပ်မစတော့ပဲ အင်္ကျီကို ထားခဲ့ကာ အပြင်ထွက်ခဲ့လိုက်တော့သည်....

မိုးမိထားသောသူတို့နှစ်ဦးအတွက် ကော်ဖီပူပူလေးနှစ်ခွက်ဖျော်လိုက်ကာ သူမထွက်အလာကိုစောင့်နေလိုက်တော့သည်....

ခဏအကြာမှာ သူရှိရာကို သူ့အင်္ကျီစပို့ရှပ်လေးဝတ်ကာ လျှောက်လာနေတဲ့သူမ...
သူ့အင်္ကျီSizeက သူမလေးရဲ့ ပေါင်လည်လောက်ထိရောက်ကာ အောက်က ခြေတံသွယ်သွယ်လေးများကအထင်းသားဖြစ်လေသည်....

"လာ "

သူက ထိုင်လျက်ကနေ လက်ကို ဆန့်ထုတ်လိုက်တော့သူမက မျက်စောင်းလေးထိုးကာ ...

''လာဘူး"

ဘေးကဆိုဖာခုံမှာဝင်ထိုင်ဖို့လုပ်နေတာမို့သူသည်ကုန်းထကာ သူမခါးလေးကနေဆွဲချပြီး သူ့ပေါင်ပေါ်ထိုင်စေလိုက်လေသည်...

"ဟာ့ ကိုကို"

"စိတ်မဆိုးနဲ့ကွာ ကိုကို ချစ်တာသိရက်နဲ့ "

"မသိဘူး မသိဘူး အလကားနေ လူကို စိတ်တိုပြနေတာ မုန်းစရာကြီး"

"ကိုယ်စိတ်တိုအောင် မင်းလုပ်တာကျ ထည့်မပြောဘူး"

"နန်းယဥ် ဘာလုပ်လို့လဲ ကိုကိုရယ်"

🌟Soulmate🌟[Season(2)]Where stories live. Discover now