Part_3

11.4K 582 27
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part _3

အခုရက်ပိုင်းဖွားဖွားတို့အိမ်ကိုသွားရင် လိုက်သွားရတာမို့ မူးခို Flower Boxဘက်ကို ခြေဦးတောင်မလှည့်နိုင်တာမို့စိတ်ထဲ တနုံ့နုံ့ဖြစ်နေရလေသည်...
အခုလည်း မာမီက ဖွားဖွားတို့အိမ်နားက စျေးမှာ ဖွားဖွားစားဖို့ ဝမ်းပျော့စေတဲ့အသီးတွေသွားဝယ်ဆိုပြီး ခိုင်းလိုက်တာမို့ စျေးကိုရောက်နေခြင်းဖြစ်သည်...

ဝမ်းပျော့စေသောအသီးတွေက ဘာများဖြစ်မလဲဆိုပြီးတွေးကာ အသီးတန်းဘက်လျှောက်လာတုန်း Hijetအဖြူလေးရဲ့အစွန်လေးမှာထိုင်ကာ နေဘီပြာ
စပို့ရှပ်လေးဝတ်ထားပြီး အပေါ်က ရှပ်အဖြူလေးထပ်ဝတ်ထားကာ ဂျင်းဘောင်းဘီလေးနဲ့လူသားဟာ ရိုးရှင်းစွာဝတ်ဆင်ထားတာတောင်မှ မူးခိုမျက်လုံးထဲ ထင်းခနဲဖြစ်နေလေသည်...

"ဟင်..ဟို အစ်ကို"

အသီးတန်းကြီးကိုကျော်ခွကာ Hijetကားဖြူလေးဆီ တန်းခနဲရောက်သွားတဲ့ မူးခိုဖောပါ....

"အစ်ကို့"

အဖြူရောင်နှင်းဆီတွေကို အဆူးညှပ်နေတုန်း
အစ်ကို့ဆိုပြီးဆောင့်အောင့်ခေါ်သံလေးကြောင့်ကြည့်လိုက်တော့ တပ်ထားသောMaskကိုဖြုတ်လိုက်တာမို့ကြွေသွားရောင်လေးတလက်လက်ဖြင့် သူ့ကို ပြုံးပြနေသော ဆယ်လီမလေး....

"အစ်ကို ဒီမှာဘာလုပ်နေတာလဲဟင်"

ရှပ်အင်္ကျီခဲရောင်လေးကို အရှေ့တစ်ဖက်ကိုအပြင်ထုတ်ထားပြီး တစ်ဖက်ကို ဘောင်းဘီထဲထည့်ဝတ်ထားကာ ဂျင်းဘောင်းဘီအကျပ်လေးက ခြေမျက်စိထိလောက်ပဲရှည်ကာ Sneaker အနက်လေးနဲ့သူမပုံစံလေးဟာ တစ်မျိုးလေးကြည့်ကောင်းလှသည်...

"မြင်တဲ့အတိုင်းပဲလေ"

"ပန်းရောင်းနေတာလားဟင်"

"ဟုတ်တယ်"

"ဒါဆို Flower Boxမှာကောမလုပ်တော့ဘူးလား"

အလွန်အမင်းစပ်စုလွန်းနေသောကောင်မလေးကို ဟန်ခမ်း အမြင်ကတ်ကတ်ဖြင့်...

"ဘဝသမားလေဗျာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝဗျ "

အစ်ကိုပါးစပ်က ထွက်တဲ့စကားလေးကြားကာ မူးခို အစ်ကို့ ကိုသနားသွားရလေသည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now