Part _50

11.6K 718 74
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 50

"မိုးရေချိုးတာ မိုးကာနဲ့မချိုးတဲ့ဒီခွေးသူတောင်းစားက နင့်အကိုလား မူးခိုဖော"

ကိုနေစက်စကားရဲ့အဓိပ္ပါယ်ကို မူးခိုသေချာနားမလည်ပေမယ့် ဒီကိစ္စဟာကြီးကြီးမားဖြစ်နေပုံရကာ မောင်ကလည်း မူးခိုကို အံ့သြစွာကြည့်နေလေတော့သည်.....

"ကိုကို ဘာတွေဖြစ်နေတာလဲ"

ကိုနေစက်က ကိုကို့ ကိုချုပ်ထားရာကနေ ဆောင့်ကြီးအောင့်ကြီးလွှတ်ပေးကာ မောင်ကလည်း မျက်နှာလွှဲသွားလေသည်.....
မူးခို ဒူးထောက်ထိုင်ချကာ ကိုကို့ကို တွဲလိုက်လေသည်....
ကိုကို့ မျက်နှာက မြင်ရက်စရာမရှိအောင် သွေးတွေထွက်နေပြီးမောင်ကလည်း နဖူးကွဲသွားပုံရကာ သွေးတွေထွက်နေလေသည်...

"မောင် သွေးတွေ "

"ကိုနေစက်   ဘာဖြစ်ကြတာလဲ ဟင်  ...မောင် မူးခိုကို ပြောပါအုံး"

"မောင် အခုချိန်မှာ ဘာမှပြောချင်စိတ်မရှိဘူး မူးခို "

"မောင်"

"မူးခိုဖော နင့်အကိုသာ မေး သူရှာထားတဲ့ပြသနာ သူအသိဆုံး.....ကိုဟန်ခမ်း ပြန်ကြရအောင်"

ကိုဟန်ခန်းပုံစံကလည်း တစ်ဖက်က မောင်နှမတော်နေတာ အခုမှသိသွားပြီး ရှော့ရသွားတဲ့ပုံနဲ့ မျက်နှာကတော်တော်ပျက်နေလေသည်...သွေးပူနေတုန်း စကားပြောကြရင် အမှားတွေဖြစ်ကုန်မှာဆိုးလို့ ကိုဟန်ခမ်းကို ပြန်ဖို့ပြောလိုက်ရတော့သည်...

"မောင် ပြန်တော့မယ် မူးခို"

"မောင်"

ဟန်ခမ်းလည်း သူ့ကားပေါ်သူတက်ကာ သျှင်နေစက်လည်း သူ့ကားပေါ်သူတက်လိုက်လေသည်...

မူးခိုတို့ မောင်နှမအိမ်ထဲကို ဝင်သွားတော့မှ ဟန်ခမ်းတို့လည်း မောင်းလာခဲ့လိုက်တော့သည်....

ကိုဟန်ခမ်းက  အင်းလျားလမ်းရောက်တော့ သူ့ဆိုင်ရှိတဲ့ ဘက်ကို မချိုးပဲ ညာဖက်ကို ချိုးကွေ့သွားတာမို့ နေစက် အံဩသွားရသည်

"ဪ ကိုသက်ဆီ သွားတာနေမယ်  ဒါဆို ငါကကော ''

''ဟာကွာ ကျစ်'''

🌟Soulmate🌟[Season(2)]Where stories live. Discover now