Part_7

11.3K 565 27
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 7

"မင်း ငါ့ကို မေးနေတာနဲ့ သွေးလှူဖို့နောက်ကျတော့မှာ မူးခိုဖော"

"အယ် ဟုတ်သား အစ်ကို လာ လာ မူးခို အနောက်ကိုလိုက်ခဲ့ပေးနော်"

အစ်ကို့ဆီက လိုအပ်တဲ့သွေးကို ရမယ်ဆိုတာ
ကြောင့်မူးခိုနဲ့မိနွယ်ရဲ့  အပူလုံးကြီးကျသွားခဲ့လေသည်...

အစ်ကိုကလိုအပ်တဲ့သွေးစစ်ဆေးမှုအမြန်လုပ်ကာ သွေးဖောက်ဖို့အဆင်သင့်ရှိနေချိန် မူးခို အစ်ကိုဆီကို ရေတစ်ဖန်ခွက်ကမ်းပေးလိုက်လေသည်...
ဟန်ခမ်းလည်း သူမကမ်းပေးတဲ့ရေကို ယူကာမော့သောက်တော့ သူမက ရေဘူးထဲကရေနဲ့နောက်တစ်ခွက်ကမ်းပေးလာလေသည်...
သူမကမ်းပေးလာတဲ့ရေခွက်ကိုယူကာ ထပ်မော့လိုက်ပြန်လေသည်...
သုံးခွက်မြောက် သူမပေးလာချိန်တွင် ဟန်ခမ်းသူမကိုမေးလိုက်လေသည်..

"မင်းက သွေးလှူဖူးတယ်ထင်တယ် ရေဘယ်လောက်ပမာဏကြိုသောက်ရမယ်ဆိုတာကိုသိပုံထောက်ရင်"

"မူးခို ၂ခါလောက်တော့ လှူဖူးတယ် အစ်ကို"

"သြော် ဒါကြောင့်ကိုး"

"အစ်ကို့ အစားစားထားရဲ့လား"

"အင်း စားထားပါတယ်"

အစ်ကိုက သူ့အပေါ်ထပ်ရှပ်အင်္ကျီအနက်ရောင်လေးကိုချွတ်လိုက်ချိန်....

"အစ်ကိုအင်္ကျီမူးခိုကိုပေးထား"

"ရပါတယ် ကုတင်ဘေးမှာတင်ထားလိုက်မယ်"

"ကျပြီး ပေသွားအုံးမယ် မူးခိုယူထားတာပိုစိတ်ချရတယ် ပေးထားနော်"

သူ့ကို လိုလေသေးမရှိ ဂရုစိုက်နေတဲ့သူမကြောင့် ဟန်ခမ်းနေရခက်လာလေသည်...

အပေါ်ထပ်ချွတ်လိုက်တာမို့ အောက်ခံBody fitစပို့ရှပ်အကျပ်အဖြူလေးနဲ့အစ်ကိုဟာ ပိုးဟပ်ဖြူလေးလို ဖြူဖြူဖွေးဖွေးလေးဖြစ်နေလေသည်...

ဟန်ခမ်းကို သွေးဖောက်ပိုက်တပ်ပြီးလှဲနေချိန်တွင် သူမက အနားကိုရောက်လာပြန်လေသည်...

"အစ်ကို မူးခို အပြင်မှာရှိနေမယ်နော် "

"မင်း သွားစရာရှိရင်သွားပါ လုပ်စရာရှိရင်လည်းသွားလုပ်ပါ ငါကတစ်ယောက်တည်းလည်းရတယ် အဆင်ပြေတယ်"

🌟Soulmate🌟[Season(2)]Where stories live. Discover now