Part_75

11.4K 604 22
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 75

"ဒုတ် ဒုတ်''

''ဒုတ် ဒုတ်'''

'''ဝု ဝု ဝု''''

'''ဟာ မြေးနဲ့ ရန်လုံက ဘာတွေ တူးနေကြတာတုံး'''

'''ဒီနေရာကို တူးရမှာလေ ပူရဲ့'''

''အင်း အဲဲဒီနေရာကို ဘာလို့ တူးတာတုန်းလို့  လက်တွေတော့ နာတော့မှာပဲ မြေးရယ်'''

''ပူ ဒါလေး ဆက်တူးပေး'''

''ဘာလို့ တူးရမှာတုံး မြေးရဲ့ ပြစမ်း ငါ့မြေးရဲ့ လက်ကလေး  ပူကို ပြစမ်းပါအုံး '''

''ဒီမှာ '''

'''ကြည့်စမ်းပါအုံး နီရဲနေပြီကွယ် ဆော့လိုက်တာ ဝန်းရယ်'''

စိုင်းဝန်းဖိတ်က မြေကြီးဆွသည့် ခက်ရင်းခွလေးနဲ့  မြေကြီးကို ဆွလိုက် ရန်မျိုးလုံက လက်တွေနဲ့ ယက်လိုက် လုပ်နေကာ အဲဒီနေရာကို စိုင်းဝန်းဖိတ်က ဒုတ်တစ်ချောင်းနဲ့ တူးသလို လုပ်နေလိုက်နဲ့  သားဝန်းကော ရန်မျိုးလုံပါ  မြေကြီးတွေနဲ့ ပေပွနေကြလေသည်.....

"ကြည့်ပါအုံး ဝန်းရယ် မြေကြီးတွေ ပေကုန်ပြီကွယ် လက်နှစ်ဖက်လုံးလည်း ရဲနေပြီ လာ လက်ရေဆေးရအောင် ပူနဲ့လိုက်ခဲ့''

''ဟာ  ဝန်းမလိုက်ဘူး''

''လာပါမြေးရယ်  ခဏနေ ရေချိုးပြီး ထမင်းစားကြရအောင်''

''ပူက ဝန်းကို ဆက်တူးပေးလေ  နော်''

''ဘာတွေ တူးနေတာလဲ မြေးရယ် မြေကြီးတွေတောင် ပွနေပြီကိုကွယ် ဒီလို ညစ်ပတ်အောင် မဆော့ရဘူးလေ''

''ဝန်းမဆော့ဘူး ဒီမှာ  ယူရမှာ ရှိတယ်  ပူက ဆက်တူးပေး''

''ဘာယူရမှာလဲ မြေးရဲ့''

''ပူက မတူးပေးရင် ဝန်းကိုယ့်ဟာကိုယ်
တူးမယ်''

''ဟာ ဒီမြေးနဲ့တော့ကွာ မဆော့နဲ့တော့နော်  မြေး လာ သွားကြစို့'''

'''မလိုက်ဘူး ဝန်းမလိုက်ဘူး'''

''စိုင်းဝန်းဖိတ်'''

ဦးလောင်ဖိတ်က ခပ်မာမာအော်လိုက်တော့  သားဝန်းက မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ကို ပစ်ထားလေသည်... မျက်နှာထား တည်တင်းနေတာက အရွယ်လေးနဲ့မှ မလိုက်....

🌟Soulmate🌟[Season(2)]Wo Geschichten leben. Entdecke jetzt