Part _14

10.2K 571 51
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 14

"မင်းတို့က ငါတို့ကန်လမ်းကို ဘယ်ကနေ မျက်စိလည်လာကြတာလဲ''

''ကျွန်တော်တို့က လှည်းတန်းဖက်ကို သွားရင် အပြန်ကျ ဒီကန်လမ်းကနေပဲ ဖြတ်နေကျလေ ဖြတ်သွားတိုင်း ဒီ KH Mart ကြီးကို ကြည့်ကြည့်နေတာ အချိန်မရလို့ မဝင်ဖြစ်တာဗျ''

''ဪ''

''ကိုသက်ကကော ဒီမှာ ဘာဝယ်မလို့လဲ"

''ဒီ Mart က ငါ့အမျိုးသမီး ဖွင့်ထားတာလေ ငါက Saturday Sunday ဆိုရင် ဒီမှာရှိတယ်  ဖွင့်ရက် ဆိုရင်တော့ ထုံးစံအတိုင်း ကုမ္ပဏီမှာပေါ့''

''ဟား လုပ်လှချည်လား ကိုသက် အမျိုးသမီးက  ပိုက်ဆံရှာဖို့ လိုသေးလို့လားဗျ'''

''အဟား  ဒါက သူ့ကိုယ်ပိုင် အလုပ်ပါကွာ 
သူက အောင်ပန်း ဟိုပုံးနဲ့ မိုးနဲ မှာ သူ့ ဆိုင်တွေရှိတယ်  ရှမ်းပြည်မှာ အရင်လုပ်လက်စရှိတော့ အခု ရန်ကုန်မှာပါ အားစမ်းကြည့်တာပေါ့"

''အားစမ်းတော့ အကြီးကြီး ဖြစ်လာမှာပေါ့ဗျာ  Thakhin Trading ဆိုတဲ့ back ground ကြီးက နည်းနည်းနောနောမှတ်လို့''

''ဟားဟားဟား ကိုယ့်အမျိုးသမီးက
ကိုယ်မပါလဲ သူ့ကိုယ့်ပိုင် အရည်အချင်းနဲ့
ဖြစ်အောင် လုပ်နိုင်တဲ့သူပါကွ''

''ဟား တယ်ဆိုတဲ့စာပါလားဗျာ ညွှန်းလှ
ချည်လား''

'''အဟင်း အခု ကြုံနေတုန်း ကိုယ်တစ်ခါထဲ မိတ်ဆက်ပေးလိုက်မယ်လေ ခဏလေးနော် အခုပဲ သူအပေါ်ထပ်ကို တက်သွားလို့'''

''ဟော ဟိုမှာ ဆင်းလာနေပြီ ကလေးရေ  ဒီနားကို ခဏလာပါအုံး''

''ဟုတ်ကဲ့ ကိုကြီး  လာပြီ''

''လာ  ဒီမှာ ကိုကြီး အသိတွေနဲ့ မိတ်ဆက်ပေးမလို့''

''ဒါကိုယ့် အမျိုးသမီး ဟန်ယဉ်ကျေးထွန်းတဲ့ ''

''ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ရှင့်"

"ဟယ် ညီမလေးက ငယ်ငယ်လေးနဲ့ ချစ်စရာလေးနော် ကိုကို"

"ဟုတ်တယ်ဗျာကိုသက် ခင်ဗျား အမျိုးသမီးက တော်တော် ငယ်သေးတာပဲ လူကောင်ကလည်း သေးသေးလေး အသက်ကလည်း တော်တော်ကွာ
မယ့်ပုံနော်"

🌟Soulmate🌟[Season(2)]Where stories live. Discover now