Part _70

13.4K 635 23
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 70

ကားထဲလေထုက အေးစက်ငြိမ်သက်နေလေသည်...
ယဥ်ယဥ်သည်အလွန်ဒေါသထွက်နေဟန်ရှိပေမယ့် သူ့အပေါ်ထုတ်ဖွင့်မချလာပဲ အံကြိတ်ကာ ဒေါသကို အောင်းထားပုံရလေသည်...

"ယဥ်ယဥ် ကိုယ်မှားသွားတယ်ကွာ "

နန်းယဥ်သည် အခုချိန် ဒေါသထွက်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ...သူသည် နန်းယဥ်၏ခင်ပွန်းဖြစ်ကာ မိုးမခလေး၏ဖခင်ဖြစ်လေသည်...အိမ်ထောင်တစ်ခုတွင်တစ်ဖက်ကတင်းနေရင် တစ်ဖက်က လျော့ရတယ်ဟူသော မဲ့ ၏ဆုံးမစကားကြောင့် နန်းယဥ်သည် သူ့ဒေါသတွေကို ကိုယ်ရဲ့ ဒေါသတွေနဲ့မတုံ့ပြန်ပဲ သည်းခံနေလိုက်လေသည်....နန်းယဥ်ဆိုသည်မှာ သူနဲ့လက်မထပ်ခင်ကလည်းပြသနာ ယူပြီးတော့လည်း ပြသနာတွေနဲ့ဟု လူကြီးတွေဆီကို စိတ်ပူမှုမပေးချင်ပါ...
သူ့ရဲ့ဒေါသနဲ့အူတိုမှုကိုသိသိနဲ့ သူရဲ့ဇနီးမယားအဖြစ်လက်ခံခဲ့ပြီး ချစ်ခဲ့တာမဟုတ်လား....
သို့ပေမယ့် အခုလို ကိစ္စမျိုးတွေကြီးကျ နန်းယဥ်ကိုပါမယုံသလိုခံစားရတာမို့  စိတ်မကောင်းလည်းဖြစ်ကာ သူ့ကိုစကားလည်းပြောချင်စိတ်မရှိတော့ပါ......

ကားတံခါးကို ခပ်မြန်မြန်ဖွင့်ဆင်းသွားကာ အိမ်ထဲတန်းဝင်သွားတာမို့ သူသည် နောက်ကနေ အပြေးလိုက်​ရတော့သည်....

"ယဥ်ယဥ် ဟန်နီ  ကိုယ်တောင်းပန်တယ်ကွာ "

"ခဏအိပ်ချင်တယ် ကိုမင်းသန့် ရှင်တိတ်တိတ်လေးနေပေးလို့မရဘူးလား"

"မဟုတ်ဘူးကွာ ကိုယ်ရှင်းပြမယ်ကွာ ကိုယ်ထင်သွားတာ မင်းလက်ထဲကို ဒီကောင်က ရည်းစားစာအိတ်ပေးတယ်ထင်ပြီး ကိုယ်"

"ရှင့်ဦးနှောက်က ဒီလောက်ပဲရှိတာလား ကျွန်မရှင်နဲ့စကားမပြောချင်ဘူး ကိုမင်းသန့် "

ဝတ်ထားသောလက်ဝတ်လက်စားတွေကိုဆွဲချွတ်ကာ အဝတ်လဲခန်းထဲဝင်သွားလေသည်...
အိမ်နေရင်းဂါဝန်လေး လဲကာ ပြန်ထွက်လာပြီး  မျက်နှာလေးမာန်ချီနေကာ အခန်းပြင်ထွက်သွားတာမို့ သူလည်းအနောက်က တကောက်ကောက်လိုက်ရလေတော့သည်...

"မာမီ မခလေးရော"

"သမီးဒယ်ဒီဘေးမှာ အိပ်နေတယ် နို့ဘူးသောက်ပြီး"

🌟Soulmate🌟[Season(2)]Where stories live. Discover now