Part_34

11.3K 601 20
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 34

"တီ တီ တီ''

''လူကြီးမင်း ခေါ်ဆိုသော'''

''တီတီတီ'''

''လူကြီးမင်း ခေါ်ဆိုသော'''

''တီတီတီ'''

''လူကြီးမင်း'''

''တီတီတီ'''

-

-

-

မူးခိုလေးဆီ ဖုန်းခေါ်တော့  တစ်ချိန်လုံး busy ဖြစ်နေတော့ ဟန်ခမ်း ထိုင်မရ ထမရ ဖြစ်နေတော့သည်.... 

အိမ်ရောက်တာနဲ့ ချက်ချင်းကြီး ခေါ်တာမျိုး မဟုတ်ပဲ အေးအေးဆေးဆေး နားပြီးလောက်တော့မှ အားနေပြီလို့ ထင်ရတဲ့ အချိန်လေးကို မှန်းဆက်တာကိုတောင် ဖုန်းက မအားဘူး ဖြေနေတော့ လူကရင်ပူလာရတော့သည်.....

"ငါနဲ့ လျှောက်လည်တာ မူးခို အိမ်က သိသွားလို့ အဆူခံ နေရတာများလားကွာ''

''ကျစ် မောင်စိတ်ပူလိုက်တာ မူးခိုရယ်''

''တီတီတီ''

''ဟယ်လို  မောင်'''

''အာ မူးခိုကလည်းကွာ  မောင်ခေါ်နေတာ ကြာလှပြီ လူကြီးမင်းနဲ့ပဲ တွေ့နေလို့ မောင်က စိတ်အရမ်း ပူနေတာ''

''ဪ မောင်ကလည်း ဘာလို့ စိတ်ပူနေရတာလဲလို့ မူးခိုက ကလေးလား''

''မောင်ပြောတယ်လေကွာ မူးခိုလေးက မောင့်ကို ထားခဲ့မှာစိုးလို့ မောင်စိတ်မချပါဘူးဆို"

"မောင်ရယ် မူးခိုက ဘာလို့ မောင့်ကို ထားခဲ့ရမှာလဲလို့''

''တကယ်နော် မူးခိုက မောင့်ကို ထားခဲ့ဖို့ ဘယ်တော့မှ မလုပ်ရဘူးနော် ကတိ''

''ဟုတ်ကဲ့ ကတိ ကတိ ကတိပါမောင်ရယ်
မူးခို ဘယ်တော့မှ မောင့်ကို မထားခဲ့ဘူး စိတ်ချ''

''မူးခိုကိုယ့်စကားနဲ့ကိုယ် မှတ်ထားနော် မဟုတ်လို့ကတော့ မောင်တကယ် live လွှင့်ပစ်မှာ ''

''ကြည့်  မောင်ဟာလေ အကောင်းပြောနေရင်းက ဖောက်လာပြန်ပြီ''

"အဟွန်း  ဒီလိုပဲ ခြိမ်းခြောက်ထားရတာပေါ့  ''

''ပြီးတော့ မောင်ပြောချင်တာက မူးခို မောင်တို့
လင်းခေးမြို့လေးကို လာလည်ပါလားဟင် မနက်ဖြန် မနက်ကို မောင်လာကြိုမယ်လေ"

🌟Soulmate🌟[Season(2)]Where stories live. Discover now