Part_8

10.9K 568 36
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 8

"ဟား  ဝါးတီးနဲ့ ကွက်စတိကို ကြုံတာပါလားဟ ''

""ဪ ကိုဟန်ခမ်းလည်းရောက်နေတာကိုး""

"အေးကွ  နေစက်ရ မင်းနဲ့ငါ မတွေ့တာတောင် ကြာပြီပဲ""

ဟန်ခမ်းက စားလက်စထမင်းလုတ်ကိုမြန်မြန်ဝါးကာ သျှင်နေစက်ကိုနှုတ်ဆက်လိုက်လေသည်...

"ကိုနေစက်  တစ်ခါထဲ ဝင်စားလေ  သူဇာရေ  ကိုနေစက်အတွက် ထမင်းပန်းကန် ယူလာပေး''

"ဟုတ်ကဲ့  မရီးမခေါ်လည်း ကျွန်တော်က ဝင်စားတော့မှာ ဟိုမှာ မုန်ညှင်းစော ပန်းကန်က ကျွန်တော့ကို လာမျက်စပစ်ပြနေတယ် '''

''နေစက်လည်း တို့ရှမ်းဟင်းတွေ ကြိုက်တယ်ပေါ့''

'''ကြိုက်ဆို ကျွန်တော့ မိန်းမ နရီက
နမ့်ဆမ်မှာ နေဖူးတော့ တခါတရံ ရှမ်းစာတွေ လက်စွမ်းပြတယ်လေ စားရင်းနဲ့ ကြိုက်သွားရော'''

"ဪ ဒါနဲ့ မရီး ဟိုဟင်းလေးတွေ မရီး
ချက်တတ်လား မုန်ညှင်းစိမ်း အညွှန့်လေးတွေကို ပေါင်းတာလေ  အဲဒါရယ် အသားလုံးနဲ့ မုန်ညှင်းချဉ်လေးကို ရောချက်တဲ့ဟာရယ်''

''ရတယ်လေ ကိုနေစက် '''

"သက်ဦးသခင် မိန်းမကွ မလုပ်တတ်တာ ဘာမှ မရှိဘူး အကုန်လုပ်တတ်တယ်''

''သူချက်တတ်တော့ရော မင်းကို ချက်ကျွေးနေစရာလား သူ့လက်နဲ့ ချက်တာတွေက ငါနဲ့ ငါ့ကလေးတွေကို  ကျွေးဖို့ပဲ ရှင်းလား'''

''ဗျာ'''

""ကိုကြီးကလည်း''"

ဟန်ယဥ်ကျေးထွန်းက သက်ဦးသခင်စကားကြောင့် သျှင်နေစက်ကိုအားနာသွားလေတော့သည်...

"အေး အခုလို ကြုံနေရင် ဝင်စားသွား ဟိုဟာဒီဟာတွေ စားချင်တယ် လာမပြောနဲ့"

"ဟာ ကိုသက် စွာလှချည်လား ငါ့အစ်ကိုရာ ""

"ဆောရီးနော် ကိုနေစက်  ကြားထဲကနေ ဟန်ထွန်းကပဲ တောင်းပန်ပါတယ် ကိုကြီးကလေ ခုနကတည်းက စိတ်ကောက်နေလို့'''

''ခင်ဗျာ"

''ဟာ'''

သျှင်နေစက်နဲ့ စိုင်းဟန်ခမ်းဖိတ်ခမျာ မထင်ထားတာကြီးကို ကြားလိုက်ရတာမို့  နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေကြလေသည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now