Part _26

9K 471 27
                                    

Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 26

"ဟုတ်တယ် မူးခို ငါလေ ကိုဟန်ခမ်းကို အရမ်းချစ်တာပဲ သိလား"

"သူ့အမေနဲ့ငါ့အမေက ငယ်ငယ်တည်းကသူငယ်ချင်းလေ လင်းခေးကို သွားသွားလည်ရင်
ကိုဟန်ခမ်းကအိမ်မှာမရှိတာများတယ် သူ့အဖေကော်ဖီခြံတွေမှာနေတာများတယ်သူက ငါသူ့ကိုစမြင်ဖူးတာ မှတ်မှတ်ရရ ငါဆယ်တန်းဖြေပြီးတော့ သူတို့အိမ်ကို တတိယအကြိမ်သွားလည်ချိန်
ကိုဟန်ခမ်းက  ရေဆင်းတက္ကသိုလ်ကနေ  သူ့အဖွားနေမကောင်းလို့ ခဏအိမ်ပြန်လာချိန် စတွေ့ဖူးတာ စတွေ့တည်းကလေ ဒီအမျိုးသားကို ငါစိတ်ဝင်စားခဲ့တာ "

"ဘယ်လိုလဲ ကိုဟန်ခမ်းနဲ့ ငါနဲ့လိုက်ဖက်လား မူးခို နင်က ငါ့သူငယ်ချင်း  အရင်းကြီးလေ လိုက်မလိုက် ဝေဖန်ပေးပါလား"

ဘယ်လိုစိတ်နဲ့များ မူးခိုက ဒီကိစ္စကြီးကို ဝေဖန်နိုင်မှာလဲ.....
မူးခိုတစ်ယောက်ဘာမှမပြောနိုင်ပဲ မျက်နှာကို တစ်ဖက်ကိုလွှဲသွားတာကို ကြည်ဖြူကြည့်ကာပြုံးလိုက်လေသည်....
ငါ့လက်ကို ဆူး၇ချောင်း အဆူးခံပြီး နင်တို့နှစ်ယောက်အကြည်ဆိုက်နေတာကိုတမင် ဖျက်ဆီးပစ်လိုက်တာ
မူးခို...
သူငယ်ချင်းတွေထဲမှာ နင့်ကို အချစ်ဆုံးပါ
မူးဖိုဖော..
ဒါပေမယ့် နင့်ထက် ငါကိုဟန်ခမ်းကိုပိုချစ်တယ် ပိုလိုချင်တယ် ပိုတပ်မက်တယ်....
နင်တို့နှစ်ယောင်ဘယ်ခြေလှမ်းလှမ်းနေတာလဲဆိုတာငါသိတာပေါ့...
ငါမမြင်ချင်တဲ့ အခြေအနေကြီးကိုမလိုချင်တာမို့ စောစီးဖြစ်နိုင်ချေရှိတဲ့ လမ်းတွေပိတ်ပစ်ဖို့က နင်ကအဓိက ဖြစ်နေတယ် မူးခို ကိုဟန်ခမ်းကို ငါက တားလို့မှ မရတာ....
_
_
_
_
_
မူးခို ရင်ထဲမှာ လေးလံတင်းကြပ်လာရပြီး နားထဲမှာ ကြည်ဖြူ ပြောနေတာတွေကို မကြားတစ်ချက် ကြားတစ်ချက်  ဖြစ်နေလေသည်.....

ကျွန်တော်ပေးတဲ့ လိမ္မော်ရောင် နှင်းဆီပန်း
လေးခြောက်ပွင့်ရဲ့ အဓိပ္ပါယ်ကို မူးခို သိပြီလားဟင်လို့ မျှော်လင့်တကြီးလေး မေးနေရှာတဲ့ အစ်ကို့ရဲ့အသံ ချိုချိုလေးကို နားထဲမှာ အထပ်ထပ် ကြားယောင် နေမိတော့သည်.....

မူးခို သိပါတယ်လို့ မူးခို ဘယ်လိုများ ပြောရမှာလဲ အစ်ကိုရယ် ....

🌟Soulmate🌟[Season(2)]Where stories live. Discover now