Part _64

13.7K 717 36
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 64

ဟန်ခမ်းနဲ့မူးခိုတို့ရဲ့ မင်္ဂလာပွဲက နန်းစမ်းခမ်းရဲ့ ဆွေတော်မျိုးတော်များ ပြန်လည် ဆုံဆည်းကြသည့်ပွဲဟုပင် ဆိုရမည် ဖြစ်သည်....

ဖိတ်စာရတဲ့သူများရော သတင်းကြားနဲ့ လာရောက် ဂုဏ်ပြုကြတဲ့သူတွေရော များပြားလွန်းလှတာမို့  ခြိမ့်ခြိမ့်သဲ စည်းကားလှသည် .....

"ဟော  စိုင်းကောင်းစံနဲ့ နန်းချစ်ကြည်တို့ပါလား  အခုလို ပြန်တွေ့ရတာ ဝမ်းသာတယ်ဟေ့ တို့များ မတွေ့တာ ဘယ်လောက်တောင် ကြာနေကြပြီတုံးဟုတ်တယ်  အစ်ကိုရေ တူတော်မောင် မင်္ဂလာပွဲမှပဲ ကျွန်တော်တို့ အနွယ်တော်တွေ ပြန်ဆုံဖြစ်တော့တယ်''

''ဒါထက် ချွေးမလေးက မြေပြန့်သူလေးသာ ဆိုတယ် ကျွန်တော်တို့ ရှမ်းသွေးလေးလိုပါပဲလား''

''အသားအရည်လေးကအစ ဝင်းနေပြီးတော့ နန်းစမ်းခမ်းရဲ့ ဆက်ခံသူ မျိုးဆက်ကို  မွေးဖွားပေးမယ့် သခင်မတစ်ယောက်ရဲ့ ကြန်အင် လက္ခဏာနဲ့ ပြည့်စုံတာပဲ''

''ချွေးမလေးက အဆင်းတင် ပြည့်စုံတာ မဟုတ်ဘူး ကောင်းစံရေ  အရည်အချင်းနဲ့  ကိုယ်ကျင့်သိက္ခာ ကိုယ်ရည်ကိုယ်သွေးပါ  အကုန်ကောင်းတာ မင်းတို့ အစ်မမွန်ကဆို သူ့ချွေးမလေးကို တုန်နေတာပဲ'''

'''ကြားရတာ ဝမ်းသာလိုက်တာ အစ်ကိုရေ
နန်းစမ်ခမ်းကတော့ နန်းစမ်ခမ်းပါပဲဗျား ကျွန်တော်တို့ လူကြီးတွေ မရှိတော့လည်း တူတော်မောင်က သူ့တာဝန်ကို ကျေအောင် ထမ်းဆောင်နိုင်မှာပါ'''

ညီဝမ်းကွဲတော်စပ်သူ၏ မှတ်ချက်စကားကြောင့် ဦးလောင်ဖိတ် ကျေနပ်အားရလွန်းစွာဖြင့် ပြုံးနေမိတော့သည်  .....

မင်္ဂလာပွဲကို တက်ရောက်လာသမျှ  ဧည့်သည်များ၏ မှတ်ချက်ချသံက တညီတညာထဲ ဖြစ်နေခဲ့တာကတော့ အလွန်ထူးခြားသည်ဟု ဆိုရမည် ဖြစ်လေသည်.....

ရှမ်းရိုးရာဝတ်စုံလေးတွေဖြင့် မင်္ဂလာပွဲကျင်းပနေသော ယောက်ဖဖြစ်သူနဲ့ညီမဖြစ်သူကို မင်းသန့်နိုင်ထွဋ်ကြည့်ကာ အားကျနေလေသည်...

"ကိုယ်တို့လည်း  ညီလေးနဲ့ညီမလေးလို ရှမ်းတွေလိုဝတ်ပြီး ဆောင်ချင်လိုက်တာ ယဥ်ယဥ်ရယ်"

🌟Soulmate🌟[Season(2)]Tahanan ng mga kuwento. Tumuklas ngayon