Part _36

10.9K 614 39
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 36

"ပြောလေ မူးခိုရယ် မောင်က ဆေးလူးပေးမလို့ဟာကို"

''အားး အဟ အ မောင် မထိနဲ့  အဟင့်လွှတ်ပါ  မူးခိုကို လွှတ်''

ဘယ်နေရာမှာ ထိလဲဆိုတာ ပြန်မဖြေတဲ့ ချစ်သူလေးကို အသည်းယားကာ ခါးလေးကို ဆွဲညှစ်မိတော့ ငိုသံလေးနဲ့ အတင်းရုန်းလာတာမို့ ဟန်ခမ်း အရမ်း လန့်သွားရတော့သည်.....

"ဟင် မူးခိုလေး''

''မောင့်ကို ပြစမ်း''

''ဟာ'''

''ဟင့် နာလိုက်တာ မောင်ရယ် မထိပါနဲ့ဆို ''

''အား ကျွတ် မူးခိုလေးရယ် ဘယ်လို ဖြစ်ရတာလဲကွာ "

နေတွေ လေတွေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ မျက်နှာ လည်ပင်း လက် စတဲ့ အစိတ်အပိုင်းလေးတွေကတောင် ထိရက်စရာ မရှိအောင် ဝင်းဝါနုဥနေတဲ့ မူးခိုလေးရဲ့ ဗိုက်သားနုနုလေးကို မြင်လိုက်ရတဲ့ ခဏ ဟန်ခမ်း ဆွံ့အ သွားရတော့သည်....

ပန်းရောင်သမ်းနေတဲ့ ဗိုက်သားလေး နူးညံ့ အိစက်နေလိုက်ပုံက ဟန်ခမ်း မျက်စိထဲမှာ လျှပ်စီးတွေ ပြိုးပြိုးပြက်ပြက် လက်သွားသည့်နှယ် ......

ကြည့်ရမှာကိုတောင် နှမျောမိတော့တာမို့ အင်္ကျီလေးကို ပြန်ဆွဲချပေးပြီးကာမှ အပူလောင် ဒဏ်ရာလေးကို ဆေးထည့်ပေးဖို့ သတိဝင်လာကာ ပြန်ပြီးတော့ လှန်ရမှာလိုလို ဗိုက်သားလှလှလေးကို ဖုံးထားရမှာလိုလိုနဲ့ လူက ဗျာများနေရတော့သည်.....

"မူးခို''

..........

''ဆောရီးပါ မူးခိုရယ် မောင်တမင်ကြည့်တာ မဟုတ်ရပါဘူးကွာ မောင့်ကို အဲဒီလောက် မရှက်ပါနဲ့လား"

''ခဏလေး လက်ဖယ်ပေး မောင်ဆေးလူးပေးမယ်''

'''ဟင့်အင်း မူးခို ခုနက လူးပြီးပြီ '''

''ခုနက မောင်ထိလိုက်မိလို့ အရေပြားလေးက လန်သွားပြီ မူးခိုရဲ့'''

''ဟင်'''

''အဲဒါကြောင့် ဒီလက်လေး ဖယ်ပေး မောင် အတင်းဆွဲရင် မောင့်မူးခိုလေး နာသွားမှာ စိုးလို့''

"ဟို မူးခို အိမ်ထဲရောက်မှပဲ''

''ကဲပါ မူးခိုရယ် ဒီလက်ကလေးကို ဖယ်လိုက်စမ်းပါ''

🌟Soulmate🌟[Season(2)]Where stories live. Discover now