Part _9

10.4K 545 30
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 9

"ဘယ်သွားမှာလဲ တက်လေ"

''ဟုတ်ကဲ့ ဟိုလေ မူးခိုက ကြာပန်းတွေ အများကြီး
ပွင့်နေတဲ့ နေရာလေးကို သွားချင်တာ  အဲဒီနေရာကို အစ်ကို သိလားဟင်''

''သိပ်သိတာပေါ့ တက်လေ''

ဟန်ခမ်းက လင်းခေး ဇာတိဆိုပေမယ့်  ခြေထောက်နဲ့လည်း လှေလှော်တတ်ပါသည်  ...ကိုယ့်ရှမ်းလူမျိုးတွေရဲ့ ရိုးရာဓလေ့လေး ဖြစ်တာမို့  အင်းသား သူငယ်ချင်းဆီမှာ သင်ထားခြင်း ဖြစ်သည်....

အင်းလေးကန်ထဲ ရောက်တိုင်း မရိုးနိုင်တဲ့ ရှူမျှော်ခင်း လှလှတွေက မူးခိုကို ဖမ်းစားစမြဲပင် ဘယ်ကို ကြည့်ကြည့် မျက်စိတစ်ဆုံး မြင်နေရတဲ့ ရေပြင်ကျယ်ကြီးကို  တောင်ပြာပြာတွေနဲ့  အနားသတ်ပေးထားတာကိုက အင်းလေးကန်ရဲ့ ထူးခြားတဲ့ ဝိသေသ ဖြစ်သည်....

ဖြတ်သွားတဲ့ လှေလေးတွေရဲ့ အနောက်ကို လိုက်ပါ ပျံသန်းနေတဲ့ စင်ယော်ငှက် ဖြူဖြူလေးတွေရဲ့ ချစ်စရာ အလှကြောင့် အင်းလေးကန်ကြီးရဲ့ အလှက ပိုပြီးတော့ ပြည့်စုံနေတာဟု မူးခိုထင်မိသည် ....

ဟိုးအဝေးမှာ မှုန်ပျပျလေး မြင်နေရတဲ့ ခြေတံရှည် အိမ်လေးတွေနဲ့ ကျွန်းမျောစိုက်ခင်းလေးတွေက  အဝေးကနေကြည့်တော့ ပန်းချီကားလေး တစ်ချပ်ပမာပင်....

မိုးကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူ အလိပ်တွေက  အင်းထဲကနေကြည့်မှ ပိုပြာနေလှနေသလို ထင်နေရတာကတော့ အင်းလေးကန်ကြီးရဲ့ အလှကို ချစ်မြတ်နိုးတဲ့ မူးခိုရဲ့ စိတ်တွေကြောင့် ဖြစ်မည်...

"ဟော အစ်ကို့ ကြာပန်းနံ့လေးတွေ ရလာပြီနော်''

''အင်း  ကြာကန် ရောက်တော့မှာလေ''

အင်းလေးကန်ကြီးရဲ့အလှကို  တမေ့တမောလေး ပြုံးပြီး ငေးကြည့်နေတဲ့  ကောင်မလေးကို ဟန်ခမ်း သဘောကျနေမိသည် ....လေတိုးနေတာကြောင့် 
ဆံပင်လေးတွေ လွင့်နေတာလေးကိုက ကဗျာဆန်ဆန် လေး လှနေလေသည်...

"ဟယ် အစ်ကို့ ဟိုမှာ ရောက်ပြီ ရောက်ပြီ
ကြာပန်းတွေ တွေ့ပြီ အစ်ကို''

အဝေးကနေတောင် သင်းနေအောင် မွှေးနေတဲ့ ကြာပန်းလေးတွေရဲ့ ရနံ့က အနားကို နီးလာလေလေမွှေးလေဖြစ်နေတာမို့  အနီးဆုံးက ကြာပန်းလေး တစ်ပွင့်ကို ဆွဲယူကာ မူးခိုတစ်ဝကြီး မွှေးကြူနမ်းရှိုက်လိုက်မိတော့သည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now