Part_73

14.7K 662 23
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 73

"ဟားဟားဟား''

''ကြည့်စမ်း ကိုကိုက ပီစိုင်းမဟုတ်က ဟုတ်က တွေ ဝင်ပြောတာကို လာရီနေတယ် မူးခို သနားပါတယ်"

မူးခိုLiveကိုကြည့်ကာ မင်းသန့်နိုင်ထွဋ်သည် ခွက်ထိုးခွက်လန်ရီနေလေသည်.....

"ဟားဟား ယောက်ဖ လာနောက်နေတာက ချစ်စရာလေးကို''

''အမလေး ဘာများ ချစ်စရာ ကောင်းလို့လဲ သူများ live ကို ဖျက်လိုဖျက်ဆီး လုပ်တာ ပီစိုင်းက ဘယ်လို ဖြစ်ပြီးတော့များ အဲဒီလို ပေါတောတောတွေ ပြောတတ်သွားရတာလဲ"

''ကိုကိုကတော့ ကြိုက်တယ် မူးခိုကို နိုင်တဲ့သူ အခုမှ ပေါ်လာတော့တယ်  သားဝန်းရော လုံလေးကောကွာ တကယ့်ကောင်တွေ  ''

မင်းသန့်နိုင်ထွဋ်သည်ညီမဖြစ်သူကိုမလုပ်စေချင်လို့တားမရဖြစ်ခဲ့တာကို ယခုယောက်ဖဖြစ်သူက တားနေတာလေးကို သဘောကျနေလေသည်.....

""ဟားဟားဟား'"

"ပီစိုင်းက မျက်နှာရူး ထနေတာကို ဟိုဂွစာက 
လာမန့်ပြီး မြှောက်ထိုးပင့်ကော် လုပ်နေတာ ဟွန့်"

''အဲဒီ ညီလေးက အရမ်းရီရတာ ကိုကို့ကို   လာထိုးကြတုံးကလည်းလေ ရိုးရိုးမထိုးဘူး  သိလား
ပါးစပ်က ပေါက်ကရက အရင် ပြောသေးတာ မိုးကာ မဆောင်းပဲ မိုးရေချိုးတာ ခင်ဗျားလားတဲ့ "

''ဟားဟားဟား''

''  ဘာကြီး''''

'''အဟား ဘာမှ မဟုတ်ပါဘူးကွာ
ယဉ်ယဉ်မသိလည်း  ရတယ်''

'''အထိုးခံရတာကို ကိုကိုပဲ ကြိုက်ပြီး ရီနေလိုက် ယဉ်ယဉ်ကတော့ အဲဒီဂွစာကို ကြည့်လို့ကို မရဘူး'''

''ပီစိုင်းဆေးရုံတက်တုံးရက သွားကြည့်တော့ အခန်းထဲ ဝင်ချင်ရင် မောင်နှမဖြစ်ကြောင်း အိမ်ထောင်စု စာရင်းပြတဲ့"

''ဟာ''

''အဲဒါတင်မကသေးဘူး  လူကဖြင့် နှစ်ပိုင်းချိုးလိုက်ရင် သွားကြားထိုးတံ လုပ်ပစ်လို့ရတယ်တဲ့ ''

'''ဟားဟားဟား''''

"ပီစိုင်းက သူ့ကို စဝ်နေမင်းလို့ ခေါ်တာ နည်းတောင် နည်းသေးတယ်''

🌟Soulmate🌟[Season(2)]Where stories live. Discover now