Part_54

11.7K 640 54
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 54

"ဟာ ဘာလို့ ရေတွေ အတင်းလာတိုက်နေတာလဲ"

''နေစက် မင်းကို ငုံထားလို့ ပြောနေတယ်လေ ဘာလို့ မျိုချပစ်တာလဲ ငုံထားရော့ ရော့  ပါးစပ်ဟ"

"မဟဘူးဗျာ''

''မရဘူး ငုံထား ရော့''

''ဘာတွေ ဖြစ်နေတာလဲ ဟန်ခမ်းရာ"

''ဒီကောင် နေစက်  စကား အရမ်းများတယ် ကိုသက်''

ဟန်ခမ်းက ပြောနေရင်း အသံက တိမ်ဝင်သွားရှာလေသည်....

တစ်ညလုံး မအိပ်မနေ ထိုင်လိုက်ထလိုက်နဲ့   မျှော်နေရှာတဲ့ ဟန်ခမ်းတစ်ယောက် အခု မိုးလင်းခါနီး အချိန်သာ ရောက်လာတယ် မူးခိုဖောရဲ့ အရိပ်အရောင်လေးကိုတောင် မမြင်ရသေးတာမို့  မျက်စိမျက်နှာ ပျက်နေရှာလေသည်.....

"ကဲ ငါ့ညီ ဒီနေ့တော့ ပြန်ကြစို့ကွာ ''

''ဟာ ကိုသက် မူးခို မလာသေးဘူးလေဗျာ'''

'''ဒါပေမယ့် မိုးလင်းတော့မယ်လေကွာ
ဟိုမှာ မနက်ခင်း လမ်းထလျှောက်တဲ့သူတွေတောင် လာကုန်ပြီကွ''

''ဟာဗျာ မူခိုးလေးက သူထွက်လာခဲ့မယ်လို့ 
သေသေချာချာ ပြောထားတာဗျ'''

"မူးခိုဖော  ထွက်လာဖို့ အဆင်မပြေလို့ နေမှာပေါ့ ကိုဟန်ခမ်းရာ ''

.............

''ဖုန်းဆက်ကြည့်ရင်ရော''

"ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်ပဲ ဖြေနေတယ်ဗျာ''

''အဲဒါကို ကြည့်လေ ပြသနာတက်နေတာ ဖြစ်ဖို့များတယ်'''

''ဘာပြသနာလဲဗျာ ကျွန်တော် အိမ်ထဲကို  ဝင်သွားလိုက်တော့မယ် ''

'''အာ   အဲဒီလိုတွေလုပ်ရင် ပိုဆိုးကုန်မှာပေါ့ ဟန်ခမ်းရာ လာပါကွာ တက် အခုပြန်နားလိုက်ပြီးတော့  ထပ်ဆက်သွယ်ကြည့်တာပေါ့ လာ တက် လာစမ်းပါကွာ''

ဟန်ခမ်းလက်ကို နေစက်နဲ့ နှစ်ယောက် အတင်းချုပ်ပြီး ကားပေါ်ကို တွန်းတင်ကာ ကားကို ဗဟန်းအိမ်ကို မောင်းလာခဲ့လိုက်သည်.....

"တီတီ''

ကားပေါ်က ဆင်းကြတော့ ဟန်ခမ်းမျက်နှာက တော်တော်ပျက်နေပြီး စိတ်နဲ့လူနဲ့ လုံးဝကို မကပ်တဲ့ပုံ ....

🌟Soulmate🌟[Season(2)]Where stories live. Discover now