Part_22

10.3K 608 49
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 22

ကိုအိုက်ဆာဆီက သတင်းရရချင်းမူးခို ပြန်လာတုန်းက ချထားသောဘေးလွယ်အိတ်လေးကိုကောက်လွယ်ကာ အခန်းကပြန်ထွက်တော့...

"သမီး ဘာဖြစ်တာလဲ...ဒါကကကောဘယ်လဲ"

"မာမီ အစ်ကိုလေ...အစ်ကိုဆေးရုံတင်လိုက်ရတယ်တဲ့ "

"အဲ့ဒါသမီးနဲ့ဘာဆိုင်တုန်း ပြဿနာတွေတက်နေတာ သမီးက ဘာလုပ်ဖို့ အပြင်ထွက်မှာလဲ"

"သမီးကို အခုနလေးတင်ပို့ပြီး ဆေးရုံရောက်တာလေ မာမီရယ် သမီးကို ပို့ရင်းလမ်းမှာဘာဖြစ်တာလဲမှမသိတာ"

မူးခိုဖောတစ်ယောက် အသံက တုန်ရီစွာဖြင့် မိခင်ဖြစ်သူကို ပြောကာ မျက်လုံးတွေက အပြင်ထွက်ဖို့သာလုပ်နေလေသည်...

"ဟုတ်ပါတယ် ဒါပေမယ့် သမီးရယ် နောက်မှ သတင်းမေး သမီးရဲ့သတင်းတွေတက်နေတာကလည်း အခုဆို တော်တော်ပြန့်နေပြီ ဒီကြားထဲ
မောင်ဟန်ခမ်းနဲ့  သတင်းထွက်ထားတာမဟုတ်လား  သူ့ကို သွားကြည့်ရင် သတင်းကို အတည်ပြုလိုက်သလိုဖြစ်သွားမှာပေါ့ သမီးရယ်"

မူးခိုကတော့ အတည်ပြုရုံမကလို့ ဘယ်လိုပြောကြပြောကြ သဘောတောင်ကျသေးသည်...
အစ်ကိုနဲ့ သတင်းထွက်တာလေ တစ်ခြားသူနဲ့ထွက်တာမှ မဟုတ်တာ ရေးတဲ့လူကို ကျေးဇူးအခါတစ်ရာတောင်တင်ပြီးထိုင်ရှိခိုးလိုက်ချင်တယ်....
သို့ပေမယ့် မူးခိုကသာတစ်ဖက်သတ်ကျေနပ်နိုင်ပေမယ့် အစ်ကို့ရဲ့ သိက္ခာတရားကရှိသေးကာ အစ်ကိုက သဘောမကျလျှင်တော့ မူးခိုအတွက်လည်းဒီသတင်းဟာToxicဆန်သွားနိုင်ပါသည်....

"သတိတောင်မလည်တော့ဘူး မာမီရဲ့ မူးခိုစိတ်ပူလို့ပါ"

"သမီး ကိုကိုရှိနေတယ်လေ သမီးရယ် သားကြီးဒေါသကိုသိရက်နဲ့ သမီးဇွတ်လုပ်ရင် သားကြီးပါ ဒီပြဿနာထဲဝင်ပါပီး ရှုပ်ကုန်မယ်  သမီး သိပ်စိတ်ပူနေရင် မောင်သက်ဦးတို့ကိုသတင်းမေးပါလား သူတို့နဲ့က ဆွေမျိုးမကင်းဆို "

"ဟင် ဟုတ်တယ် ဟန်ထွန်းဆီ ဖုန်းဆက်ရမယ် "
_
_
_
_
"တီ တီ တီ''

"ဟယ်လို နေစက် အခု ဆိုင်မှာလား အိမ်မှာလား''

🌟Soulmate🌟[Season(2)]Where stories live. Discover now