Part_74

15.4K 602 25
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 74

"ကိုသက်ရေ နေစက်မလာဘူးလား''

ဟန်ခမ်းက သားဝန်းကို လက်ဆွဲကာ အိမ်ထဲကို ဝင်လာရင်း မေးလေသည်......

"အေး ဒီရက်ပိုင်း မလာလို့  ပြောနေကြတာ ဟန်ခမ်းရေ  ငါတောင် ခဏနေ သူ့အိမ်ကို သွားမလို့''

''ဟုတ်လား  ကျွန်တော်လည်း လိုက်မယ်လေ''

'''အေး သွားတာပေါ့'''

''သားဝန်းက ကြည့်ပါအုံး ကြီးလေ ချောလေပါလားကွ  ဟေ'''

'''အန်ကယ်သက်ကို တူလို့လေ'''

'''ဗျာ'''

''ဟားဟားဟား''

သက်ဦးသခင်က စိုင်းဝန်းဖိတ်ကို ကောက်ချီပြီး  တဟားဟား ရယ်နေလေသည်....

"ကြိုက်ပြီကွာ သားဝန်းက လူလည်ပဲကွ  ဟန်ခမ်းတို့ လင်မယားကို ရောင်းစားမယ့်ကောင်''

'''ပြောမနေနဲ့ ကိုသက်ရေ ကိုသက်ရဲ့တူ တတ်ချက်က  လက်လန်တယ် လူကြီးစကားတွေကို ရုပ်တည်ကြီးနဲ့ ထထပြောတာ"

''ဟုတ်လား ဟားဟား '''

''အဲဒီအတတ်ကလေးကို အန်ကယ်သက်က ချစ်လိုက်တာဗျာ မွ မွ မွ''

'''ခစ်ခစ် ယားတယ်''

''ကိုကြီးရေ  ဒီမှာ ရပြီ''

ဟန်ယဉ်ကျေးထွန်းက အုန်းထမင်းနဲ့ ကြက်သားကြော် ထည့်ထားတဲ့  ဗူးကလေးတွေ လာပေးတာမို့  သက်ဦးသခင်က သားဝန်းကို ချီထားရာကနေ  အောက်ချပေးလိုက်သည်.....

"ကဲ သွားရအောင် ဟန်ခမ်းရေ '''

'''သားဝန်းကကော လိုက်သွားမှာလား နေထားခဲ့မလား ခဏနေ ကိုကိုတွေ မမတွေ ကျောင်းက ပြန်လာတော့မှာလေ'''

''နေခဲ့လေ သား"

ဟန်ယဉ်ကျေးထွန်းက လက်ကလေး ဆန့်တန်းကာ ခေါ်တော့ သားဝန်းက ပြေးဖက်တော့သည်....

ဟန်ယဉ်ကျေးထွန်းက ဒူးလေး ညွှတ်ချပေးလိုက်တော့  သားဝန်းက ဖွဖွလေး ဖက်ထားရင်း.....

"ဝန်းနောက်မှ ပြန်လာခဲ့မယ်နော် အခုတော့ ဖော့တို့နဲ့ လိုက်သွားတော့မယ် ရတယ်မဟုတ်လား''

'''အမလေးတော် သားဝန်းလေးက တီတီကို တစ်ခါလာရင် တစ်မျိုး  ခြွေတာပါလား
ရပါတယ်ရှင် လိုက်သွားတော်မူပါ''

🌟Soulmate🌟[Season(2)]Where stories live. Discover now