Part_17

10.3K 617 29
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 17

"မူးခို....မူးခို"

"မူးခို"

မူးခို အနောက်ကို သူ အပြေးလိုက်လာတာသိပေမယ့် မူးခို ခြေလှမ်းတွေမရပ်ပေးမိ...

"မူးခို "

နီးကပ်စွာ ထပ်ခေါ်လာတာမို့ မူးခိုရပ်ကာသူ့ကိုကြည့်လိုက်တော့ ....

"ကျွန်တော်နဲ့မူးခို စကားပြောရအောင် "

"မူးခို ကိုစိုင်းဟန်ခမ်းဖိတ် နဲ့ ဘာမှပြောစရာမရှိပါဘူး"

"ကျွန်တော်ရှိတယ်"

"မာမီနဲ့ ကြည်ဖြူပါလာတယ်  ကြည်ဖြူကဒီက သူဌေးမင်းကို လိုက်ရှာနေတာ "

သူမမေးငေါ့ပြရာကိုကြည့်လိုက်တော့ ခပ်လှလှအန်တီကြီးတစ်ယောက်နဲ့ ကြည်ဖြူက ဒီဘက်ကိုလျှောက်လာနေတာတွေ့ရလေသည်...

"မာမီ လာ မူးခိုနဲ့ ဟိုဘက်က ပန်းတွေသွားကြည့်ရအောင်  ...ကြည်ဖြူ နင်စကားပြောလို့ပြီးရင် ငါ့ဆီဖုန်းဆက်လိုက်နော်"

"ငါ ကိုဟန်ခမ်းကို နှုတ်ဆက်ရုံလေးပါ မူးခိုရဲ့ ခဏစောင့်ပါ အတူတူလျှောက်ကြည့်ကြမယ်လေ "

"အင်း ဒီနားက  ပန်းရုံနားမှာရှိနေမယ်"

ကြည်ဖြူက ကိုဟန်ခမ်းနားကိုလျှောက်သွားဖို့လုပ်ပေမယ့် ကိုဟန်ခမ်းက ဒီဘက်ကိုလျှောက်လာတာမို့ မူးခို ခပ်လှမ်းလှမ်းကိုတစ်ယောက်တည်းထွက်လာခဲ့လိုက်သည်...

"ကြည်ဖြူ"

"ကိုဟန်ခမ်းကို  ဖြူ ဖုန်းတွေဆက်နေတာ ကိုဟန်ခမ်းမကိုင်ဘူး တော်ကြာ ရောက်လာပြီး မတွေ့လိုက်ရမှာစိုးလို့ "

"ဧည့်သည်လည်းပါလာတာကိုး"

"ဒါ မူးခို မေမေလေ ကိုဟန်ခမ်း ...အန်တီ သူက ဒီResortပိုင်ရှင် ကိုစိုင်းဟန်ခမ်းဖိတ်တဲ့ မေမေသူငယ်ချင်းသားလေ ................×××××××××××
×××××××××××××"

ကြည်ဖြူက မရပ်မနားနဲ့ သူ့အလုပ်တွေပညာရေးတွေကို မိတ်ဆက်ပေးနေလေသည်...

"သားက လူငယ်လေးဖြစ်ပြီးတော်လိုက်တာ ဒီလိုကြိုးစားလို့ ဒီလိုအောင်မြင်တာပေါ့"

🌟Soulmate🌟[Season(2)]Where stories live. Discover now