Part _33

12.5K 592 26
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 33

"မူးခိုလေးရော့ ဒီ ကျွန်းညိုရောင် ဂျင်းလေးနဲ့ ဆွယ်တာ အဖြူလေး ထပ်ဝတ်''

''ဟယ် လှလိုက်တာ  မောင်ရယ် မူးခိုကြိုက်တယ် အရမ်းပဲ မောင်က မူးခို အကြိုက်ကို သိတယ်ပေါ့''

''သိပ်သိတာပေါ့  မောင့်မူးခိုလေးနဲ့ လိုက်မယ်ဆိုတာ သိလို့  မနေ့က မောင်မှာထားတာလေ''

''ဒီလိုမှန်းသိရင် မနေ့ကတည်းက စမ်းဝတ်ကြည့်ပါတယ်  မနေ့က မူးခိုက တစ်နေ့လုံး မအားလိုက်ဘူး'''

'''ဟုတ်လား မောင့် မူးခိုလေးက ဘာတွေ အလုပ်ရှုပ်နေတာလဲ''

''ဟောဒီ လူဆိုးကြီးကြောင့်လေ ဟွန့်''

''ဟိတ် မျက်စောင်းထိုးရင် ဘာဖြစ်တတ်လဲ သိတယ်နော်''

''အာ မောင်နော်'''

'''ဟားဟားဟား စတာပါ မူးခိုရယ် ကဲ အခန်းထဲမှာ ဝင်လဲပြီးရင် ထွက်လာခဲ့ မောင်လည်း အဝတ်အစားလဲ လိုက်အုံးမယ်"

"ဟုတ်""

မူးခို မျက်နှာလေးကို ခပ်ပါးပါးလေးပြင်လိုက်ပြီး  နှုတ်ခမ်းနီကို အနီရောင်လေးဆိုးလိုက်သည်...

ဆွယ်တာလည်ခေါက် ဖြူဖြူလေးပေါ်ကနေ  ကျွန်းညိုရောင် ဂျင်းဂါဝန်လေး ထပ်ဝတ်လိုက်ပြီး
မှန်ကြည့်လိုက်တော့ မှန်ထဲမှာ မြင်နေရတဲ့ ပုံရိပ်လေးကို မူးခို အရမ်းကို နှစ်သက် သဘောကျသွားရတော့သည် ......

"အဟင်း မောင်က ရွေးတတ်သားပဲ  size ကအစ ငါနဲ့ ကွက်တိလေးပဲ''

ကျောပိုးအိတ်လေးထဲမှာ လိုတာ အကုန်ထည့်ပြီး ထွက်လာတော့ မောင်က ဧည့်ခန်းမှာ ထိုင်စောင့်နေလေသည်....

"ဟား လှလိုက်တာ မူးခိုရယ်"

''ဟယ် မောင် အရောင်က ဆင်တူကြီး''

'''အဟွန်း ဘာဖြစ်လဲကွာ သူများတွေလည်း ဒီလို အတူတူ ဝတ်ပြီး လျှောက်လည်ကြတယ်လေ မောင်တို့လည်း လုပ်ကြည့်ရအောင်''

''ရှက်စရာကြီး မောင်ရယ်'''

''အာ မူးခိုကလည်း ဘာလို့ ရှက်ရမှာလဲ ကဲပါ လာ ဒီမှာ လာထိုင်''

မောင်ထိုင်ခိုင်းတဲ့ ခုံမှာ မူးခို ယောင်နနနဲ့
ဝင်ထိုင်လိုက်မိတော့  မူးခို ထိုင်တဲ့ ခုံရှေ့မှာ မောင်က ဒူးတစ်ချောင်း ထောက်ကာ ထိုင်ချလေသည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now