Part_55

12.9K 665 45
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 55

ဒီနေ့ညတော့ ဒယ်ဒီနဲ့မာမီ ညတိုင်းသောက်နေကျ နွားနို့ထဲ အိပ်ဆေးထည့်ထားတာမို့ ၁၁နာရီမတိုင်ခင်တည်းက ဒယ်ဒီနဲ့မာမီကအိပ်ပျော်နေပြီဖြစ်သည်....

မှတ်ပုံတင်ရှိရှိမရှိရှိ မောင်က လူသာရအောင်ထွက်ခဲ့လို့ဆိုတာမို့ မူးခိုည ၁၂နာရီထိုးဖို့ စောင့်နေလိုက်လေသည်....

ဟန်ခမ်းက ဘေးက တစ်ထပ်တိုက်လေးမှာပဲနေကာ ည၁၂နာရီမထိုးခင် လူအရိပ်အခြေကြည့်ကာ ထွက်ဖို့လုပ်လိုက်လေသည်...
ဒီညတော့ နေစက်နဲ့ကိုသက်ကို မလာခိုင်းတော့ပဲ သူတစ်ယောက်တည်းသာ သွားမည်ဖြစ်သည်..

ကားကို ညနေတည်းက  ဆိုင်နဲ့ခပ်ဝေးဝေးမှာရပ်ထားတာမို့ လူချည်းသာ ထွက်လာလိုက်လေသည်......

ထိုစဥ် ဘေးက မဲ့တို့နေသော အိမ်ကြီးက မီးတွေလင်းထိန်သွားတာမို့ ဟန်ခမ်း သစ်ပင်ရိပ်ခိုလိုက်ရလေသည်...
အိမ်ကြီးကို ကြည့်နေတုန်း ကိုအောင်ဒင်က ရေးကြီးသုတ်ပြာဖြစ်နေတာတွေ့ရလေသည်...
ဘာတွေများ ဖြစ်နေတာလဲဆိုပြီး သူကြည့်နေတုန်း သူ့ဖုန်းလေးမြည်လာလေသည်.....

"ဟယ်လို ...မဲ့"

"သား...သားရေ ကယ်ပါအုံး သားညီမလေးကို ကယ်ပါအုံး"

"ဗျာ"

၁၂နာရီထိုးပြီမို့ မူးခို အိမ်သော့ကိုဖွင့်ကာစောင့်နေလိုက်လေသည်....
အိမ်အပြင်တော့မထွက်ရဲ မောင်က အိမ်ရှေ့ရောက်ပြီဟူသောစာလေးကိုမြင်မှ ထွက်တော့မည်ဖြစ်သည်.....

ထိုစဥ် မူးခို ဖုန်းဆီ Messageပို့သံလေးကြားလိုက်ရတာမို့ ပျော်သွားကာ စာကိုဖတ်လိုက်တော့....

"ဟင်"

"မူးခို မောင်မလာနိုင်တော့ဘူး အိပ်တော့နော်"
ဟူသော စာတန်းလေးကိုဖတ်ရင်း မူးခိုမျက်ရည်များ ကျလာရတော့သည်....
ဘာတွေဖြစ်ရပြန်ပြီလဲမောင်ရယ် မူးခိုနဲ့မောင်နဲ့ပေါင်းဖက်ဖို့ကအဲ့လောက်ခက်ခဲရလားမောင်ရယ်...
_
_
_
_
_
ကံကောင်းထောက်မစွာနဲ့ ညီမလေးကိုယ်ဝန်က ပျက်မကျသွားတာမို့တော်လေသည်....
စိတ်ဖိစီးမှုတွေတအားများကာ သွေးဆင်းလာပြီး မဲ့က ညဘက်မအိပ်ခင်လေး ဝင်ကြည့်လိုက်လို့ တွေ့သွားခြင်းဖြစ်လေသည်....

🌟Soulmate🌟[Season(2)]Where stories live. Discover now