Part_29

10.1K 566 43
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 29

မီးပုံးပျံရဲ့ တစ်ဖက်က နန်းစမ်ခမ်း နောက်တစ်ဖက်မှာက ကိုယ့်ရဲ့ ရင်ထဲက စကားလုံးလေးတွေကို မီးသီးသေးသေးလေးတွေနဲ့ အလှဆုံး ပုံဖော်ထားတဲ့ လိမ္မော်ရောင် နှင်းဆီပန်းလေး ခြောက်ပွင့်ကို တပ်ဆင်ထားတဲ့ ဟန်ခမ်းတို့ရဲ့ မီးပုံးပျံကြီးကို လွှတ်တင်ပြီးတာနဲ့ လူအုပ်ကြီးရဲ့အပြင်ဖက်ကို ဟန်ခမ်း ထွက်လာခဲ့လိုက်သည်.....

"ဒုတ်ဒုတ် ....ဒုတ်ဒုတ်"

ခုနက မီးပုံးပျံ လွှတ်တင်ဖို့ ပြင်ဆင်နေကတည်းက ခုန်ချင်နေတဲ့ ရင်က လူရှင်းတဲ့ဖက် ရောက်လာလေ ခုန်လာလေလေ ဖြစ်လာတာမို့ ဟန်ခမ်း ထူးဆန်းနေရလေသည်..... ဒီလို ရင်ခုန်သံမျိုးက မူးခိုလေးကို မြင်ရမှ ခုန်တတ်တာမျိုးလေ ...

အခု ဒီနှလုံးက ဘာထဖြစ်ရတာတဲ့တုံး
ကိုယ့်ဟာကိုယ် စိတ်တိုင်းမကျ ဖြစ်လှစွာနဲ့ ခေါင်းခါလိုက်မိရင်း ....

"ဟာ''

ဟို ဟိုမှာ မူးခို မူးခိုလေး မောင့်ဘဝရဲ့ အရှင်သခင် ကိုယ့်ရဲ့ အသက် မောင့်ရဲ့အသဲနှလုံးလေးပါလား....

"ဟာကွာ အဟွန်း'''

သူကျေနပ် ကြည်နူးရလွန်းစွာနဲ့ ဘယ်ဖက်ရင်ဘတ်ကို ဖိထားလိုက်မိသည် .... သူ့မျက်လုံးတွေက မူးခိုလေးကို မမြင်တွေ့ရသေးခင်မှာကို သူ့ရင်ဘတ်ကြီးထဲက အသဲနှလုံးက မူးခိုလေးရဲ့ အငွေ့အသက်တွေကို မှတ်မိပြီး ခုန်ပေါက်နေတာတဲ့လေ....

စိတ်ချဟေ့ကောင် ငါ မင်းရဲ့ရင်ခုန်ဖက်နဲ့ အနီးဆုံးမှာ ရအောင်နေမှာဟ မင်းလိုပဲ ငါကလည်း ရူးရူးမူးမူးကို ချစ်နေတာ.....

သူစိတ်တွေ ထင်နေလို့ပဲလား မူးခိုရဲ့ လေးမျက်နှာလေးက အခါများစွာက သူမြင်တွေ့ဖူးနေကြလိုမျိုး လန်းဆန်းတက်ကြွ အပူအပင်ကင်းနေတဲ့ ဟန်ပန်မျိုးလေးတွေ ကိုမတွေ့ရ ....

မျက်နှာလှလှလေးပေါ်က သူနှစ်သက်သဘောကျလွန်းလှတဲ့ အပြုံးလှလှတွေက ပျောက်ဆုံးလို့ နေလေသည်... မူးခိုလေးလည်း မောင့်ကိုလွမ်းနေတယ် မဟုတ်လားဟင် .....

မီးပုံးပျံတွေကို စိတ်ဝင်တစား မော့ကြည့်နေတဲ့ သူမလေးရဲ့ မျက်ဝန်းလှလှလေးတွေ တစ်လက်လက်နဲ့ တောက်ပနေတာက သောက်ရှူးကြယ်ညီနောင်ပမာပင်.....

🌟Soulmate🌟[Season(2)]Where stories live. Discover now