Part _69

16.3K 678 33
                                    


🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 69

"ဝုတ် ....ဝုတ်"

"ဝုတ်"

"ရန်လုံ ဘာလို့ ဒီလောက်ဟောင်နေတာလဲ "

မူးခိုသည် သားလေးကို သိုးမွှေးခင်းအထူပေါ်တွင်ချထားတာကို ရန်မျိုးလုံသည် ဟောင်နေလေတော့သည်...

"ရန်လုံ မေးနေတယ် လေ ဘာလို့ဒီလောက်ဟောင်နေတာလဲ ....အထွေးရေ ....အထွေးရေ ......အော် ဒီအထွေးတစ်ယောက် ဘယ်ရောက်သွားတာလဲ "

"ဟာ"

"ဘုတ်"

မူးခိုသည် ဟင်းအိုးကို မီးပိတ်ကာ သားရှိရာနေရာသို့ ရောက်လာချိန် မောင်သည် အိမ်စီးဖိနပ်ဖြင့် သတ်လိုက်သော ပင့်ကူနက်တစ်ကောင်...

"သားဘာဖြစ်သွားသေးလဲ မောင်"

မူးခိုသည် ဝန်းလေးကို ပွေ့ချီကာ ရင်ခွင်ထဲ ကပ်နေအောင် ပွေ့ထားလိုက်လေသည်...
ပင့်ကူသည် သေးတယ်ပြောပြော သားကိုရှပ်သွားများဖြင့် သားလေးရဲ့ အသားနုနုလေး ဒဏ်ရာရသွားရင်ဒုက္ခဆိုပြီး ထိပ်လန့်သွားကာ ဘေးတွင် တအီအီနဲ့ ခေါင်းလေးလာတိုးဝှေ့နေသော ရန်မျိုးလုံလေး ခေါင်းကို ပွတ်သပ်လိုက်လေသည်...

"ရန်လုံက တော်လိုက်တာ "

"ဟုတ်တယ် ဒီကောင်မြင်လို့ သူထိုးဟောင်နေတာ ရန်လုံရှိရင် သားအတွက် မပူရပါဘူးကွာ နော် တော်တယ် လာသား ရန်လုံလာ ...လာ"

ဟန်ခမ်းသည်ခေါင်းလေးပွတ်ကာ အမဲခြောက်တစ်ချောင်းကျွေးလိုက်လေသည်......

"သားရေ နာမယ်လေ မလုပ်ရဘူး"

စိုင်းဝန်းဖိတ်လေးသည် သူ့ခြေထောက်ကို သူမယူကာလည်ပင်းနားကပ်လေသည်...

"နေပါစေ မူးခိုရဲ့ ဆော့တာပါ သဘာဝပါ ဘာမှမဖြစ်လောက်ပါဘူး"

"မူးခိုက စိတ်ပူတာ ​အကြောတွေဘာတွေလွဲမှာဆိုးလို့ "

သားဘေးနားက Baby cosmetic ခြင်းလေးကို ကြည့်ကာ မောင်က မျက်မှောင်ကုတ်သွားလေသည်....

"အဲ့ခြင်းက ဘာလုပ်ဖို့လဲ"

"အဟင်း နေ့လည်သားအိပ်တုန်း Review videoလေးတစ်ခုရိုက်မလို့ပါ fanလေးတွေနဲ့ မဆုံတာကြာပြီလေ သားလေးကို လူးပေးနေတာလေးတွေ အဆင်ပြေတာလေးတွေ sharingလုပ်မလို့ "

🌟Soulmate🌟[Season(2)]Where stories live. Discover now