Part _52

10.8K 646 44
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 52

ကိုသက်ကားခြံထဲဝင်လာတာနဲ့ဖော့နဲ့မဲ့က မျက်နှာဝင်းခနဲဖြစ်သွားကာ ညီမလေးကလည်းမသိမသာနားစွင့်နေလေသည်...

"ကိုသက် လာ..ထိုင်"

"ဘာစားမလဲ "

"နေနေ မနက်တည်းက အထွန်လေးက Brakfastကျွေးပြီးမှ လွှတ်တာ "

"ဘာတဲ့လဲ ကိုသက်"

ကိုသက်မျက်နှာမကောင်းဖြစ်နေတာမို့
စိုင်းဟန်ခမ်းဖိတ်လည်း ရင်တွေတလှပ်လှပ်ဖြစ်နေလေသည်...

"မင်းသန့်နိုင်ထွဋ်မရှိဘူး"

"ဘာလဲ မောင်သက်ဦး ဒီကောင်လေးက ထွက်မတွေ့တာလား "

"မဟုတ်ဘူး  အန်ကယ်လောင်  နိုင်ငံခြားသွားပုံပဲ "

"ဟာ"

"ဘာ"

"ဟာ ဒီကောင် ဘာကောင်လဲကွ ဒီလောက်ပြသနာတွေတက်နေတာကို မနေ့ကဖြစ်တယ် ဒီနေ့နိုင်ငံခြားထွက်သွားတယ် ဘာလဲဟ"

"စိတ်လျော့ပါ အန်ကယ် "

"သူက တကယ် ကျွန်မတို့ သမီးလေးကို တာဝန်မယူချင်ဘူးထင်တယ် အဟင့် ဟင့် "

"မဲ့...မဲ့...မငိုနဲ့လေဗျာ"

ညီမလေးကို ဟန်ခမ်း လှမ်းကြည့်လိုက်တော့ မျက်ရည်တွေအဝဲသားဖြင့် အံကြိတ်ကာ အခန်းထဲဝင်သွားလေသည်...
မင်းသန့်နိုင်ထွဋ် ခင်ဗျား ဘာလို့ ကျွန်တော်ချစ်သူရဲ့အကိုဖြစ်နေရတာလဲဗျာ......

"တော်တော်လူပါးဝတဲ့ကောင်ပါလား ကွာ "

သက်ဦးသခင်လည်း ကြားဝင်ဘယ်လိုစေ့စပ်ပေးရမလဲတောင်မသိတော့ပါ ...
တကယ့် ကာယံကံရှင်က တကယ်ခေါင်းရှောင်သလိုကြီးဖြစ်နေတာမို့ လုပ်ရကိုင်ရခက်သွားလေတော့သည်....

"ခဏနေ အန်ကယ်ညီထွဋ်တို့လာလိမ့်မယ် ဟန်ခမ်း "

ဟန်ခမ်းမှာလည်း ဖခင်ကိုနှစ်သိမ့်ရ မိခင်ကိုနှစ်သိမ့်ရနဲ့ ဗျာများနေတာကိုကြည့်ကာ သူ့မှာသနားရလေသည်....
မူးခိုဖောရောဘာထူးလဲ မျက်နှာငယ်လေးဖြစ်နေရှာတာ သူ့အထွန်လေးသာမြင်ရင် မူးခိုကိုသနားလိုက်တာဆိုပြီးစိတ်မကောင်းဖြစ်နေရှာမှာ.....
_
_
_
_
_
ဦးညီထွဋ်ကားပေါ်က ဆင်းဆင်းချင်း စိတ်ထဲလေးလံတင်းကျပ်နေလေသည်..တကယ်ဆို ဒီနေ့ဟာ ဒီခြံထဲက လူတွေကသူ့အိမ်ကိုလာပြီး သူ့အဖိုးတန်သမီးလေးကို လာတောင်းရမ်းမယ့်ရက်ဖြစ်ပေမယ့် ကြိုမြင်မရတဲ့ကံကြမ္မာကြောင့် သူက ဒီအိမ်ကိုလာကာ အောက်ကျို့ရတော့မည်ဖြစ်သည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now