Part _38

10.6K 591 43
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 38

မူးခိုအိမ်ကနေထွက်ကာ ကားကို ကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းလာပြီး ကုက္ကိုင်းလမ်းဆုံရောက်တော့ တက္ကသိုလ်ရိပ်သာလမ်းဖက်ကို ချိုးကွေ့ပြီးဆက်မောင်းလာခဲ့သည်.....

အင်းလျားလမ်း ပွိုင့်ကိုရောက်တော့  အင်းယားကန် သွားတဲ့ဖက်ကို ထပ်ချိုးလိုက်တော့ သိပ်မမောင်းလိုက်ရ.....

ဟော ဟိုမှာ တွေ့ပါပြီ  မူးခို အရမ်းချစ်ရတဲ့မောင်....

အင်းလျားဆောင််နဲ့ မလှမ်းမကမ်းမှာ ကားရပ်ထားပြီး စောင့်နေတဲ့ မောင်က မောင့်ကားနားမှာ မူးခိုကားကို ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် မူးခိုရဲ့ကားတံခါးကို ချက်ချင်း ဆွဲဖွင့်ကာ တက်လာတော့သည်....

မောင် သွက်လက်မြန်ဆန် လွန်းနေတဲ့ပုံက မသိရင် အက်ရှင်ကား ရိုက်နေတဲ့ အတိုင်း....

Lover seatမှာစွေ့ခနဲဝင်ထိုင်ပြီး ခပ်မြန်မြန်တံခါးပိတ်ကာ...

"အမယ်လေး...မောင့်"

မူးခိုကိုယ်လေးကို မချီကာ သူ့ပေါင်ပေါ်ဆွဲတင်လိုက်တာမို့ မူးခို လန့်သွားကာ ပြုတ်ကျမှာစိုးတာကြောင့် မောင့်ပခုံးလေးကို မြဲမြဲလေး ကိုင်လိုက်ရလေတော့သည်...
မူးခိုလန့်သွားပုံကို မောင်က ပြုံးရီရင်း ကားကူရှင်ကို နောက်သို့အနည်းငယ်လှန်ချလိုက်တော့ မူးခိုက
မောင့်ရင်ဘတ်ပေါ်  မှီထားသလိုလေးဖြစ်နေလေသည်....

နီးကပ်လွန်းတဲ့ အနေအထားကြီးကို နေသားမကျတာမို့ မူးခို မောင်ရင်ဘတ်ကနေခွာကာ...

"မောင် နေရခက်တယ် ဟိုဘက်မှာပဲ ထိုင်မယ်"

ဘာစကားမှမပြောပဲ မူးခိုကိုပြုံးကြည့်နေရင်းမောင်ဟာ မူးခိုနဖူးလေးကို နမ်းလိုက်လေသည်...

"ပြွတ်စ်"

ထို့နောက်မျက်ခွံ့လေးနှစ်ခုကိုလည်းဖိနမ်းကာ မူးခိုနှုတ်ခမ်းထက်မှာမောင့်နှုတ်ခမ်းဖြင့် အကြာကြီးဖိကပ်ထားလေသည်....

ကားထဲဝင်လာတည်းက ဘာစကားတစ်ခွန်းမှမပြောသေးပဲ သူလုပ်ချင်ရာလုပ်နေတဲ့ မောင့်ကို မူးခိုစိတ်မရှည်စွာ နှုတ်ခမ်းနှစ်ခု ပူးနေရာကနေခွာလိုက်လေသည်...

🌟Soulmate🌟[Season(2)]Where stories live. Discover now