Part _24

10.3K 600 47
                                    

🌟Soulmate🌟[ Season(2)]
~~~~~~~~~~~~~~~~~~~~
Part_24

"မူးခိုရောက်နေတာပဲ"

"နန်းယဥ်.....သြော် ကြည်ဖြူလည်းပါလာတာကိုး"

မူးခို နန်းယဥ်ကို အားနာသောမျက်ဝန်းများဖြင့်ကြည့်နေမိသည်..
သူမအစ်ကို ဒီလိုတွေဖြစ်ရတာ မူးခိုကြောင့်ဆိုတော့ မူးခိုကိုစိတ်များဆိုးနေမလား....

"ပီစိုင်းသက်သာလား ဘယ်လိုနေလဲ"

"ပီ သက်သာပါတယ်"

"ကြည်ဖြူဆို ကြားကြားချင်း စိတ်တွေပူတာလေ
ကိုဟန်ခမ်းရယ်  လိုက်ဖို့ကလည်း ပြဿနာတွေကိုသေချာမသိတော့ နန်းယဥ်နဲ့မှအတူလိုက်လာရတယ်....အခုနက နန်းယဥ်ပြတဲ့ liveကြည့်မှ ကြည်ဖြူသေချာသိတော့တယ် ကဗျာနဲ့မေမီက ကျောင်းတော်မှာတည်းက တတွဲတွဲလေ သူတို့ရဲ့
မူးခိုအပေါ်မကျေနပ်မှုတွေကို လက်စားချေတာ
ကိုဟန်ခမ်းက ကြားကပါသွားတာကိုး"

ကြည်ဖြူမြင့်မြတ်ရဲ့စကားကြောင့် မူးခိုဖောမျက်နှာဟာ ဇီးရွက်လောက်ပဲရှိတော့ကာ ထားစရာမရှိအောင်ပူနေလေသည်...

"တမင်ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတွေပဲလေ ဒါကလည်း ဘာသာရေးအရပြောရမယ်ဆို
ကျွန်တော်နဲ့မူးခိုရဲ့ ရှေးဘဝမှာ လုပ်ခဲ့တဲ့ အရာတစ်ခုကြောင့် ဒီဘဝမှာလည်း အတွဲလိုက်ပါတာလို့ထင်တယ်   ရေစက်ထင်ပါတယ်"

ဟန်ထွန်းက မူးခိုသူငယ်ချင်းရဲ့အပြောကို သဘောမကျလို့ ပြန်ချေပဖို့ လုပ်နေတုန်း ကိုဟန်ခမ်းကြီးရဲ့ အတွဲလိုက်ဆုံချင်နေတဲ့ ရှေးဘဝကံတွေပါ ထည့်ပြောလာတာကြောင့် ဟန်ထွန်းမှာ ကြိတ်ပြုံးနေရတော့သည်...
အော် ငါ့အစ်ကိုနှယ် ကြိုက်မရှက်ငတ်မရှက်ဖြစ်တော့မယ်နဲ့တူတယ် ရှေ့လျှောက်.....

"မူးခို ညလည်းအတော်မိုးချုပ်နေပြီ နင်မပြန်သေးဘူးလား "

"အင်း ငါပြန်တော့မှာပါ ကြည်ဖြူ"

"ဟာ မူးခိုတစ်ယောက်တည်းမပြန်နဲ့လေ  "

"မူးခိုက ဟန်ထွန်းတို့လင်မယားကခေါ်လာတာမို့ ပြန်ရင်လည်း ဟန်ထွန်းတို့က သေချာအိမ်ပြန်ပို့ပေးမှာ
ကိုဟန်ခမ်းစိတ်သာချ အခုကိုကြီးက ရှေ့နေ့တွေနဲ့လုပ်စရာတွေရှိနေလို့ ခဏနေပြန်လာတော့မှာ"

🌟Soulmate🌟[Season(2)]Where stories live. Discover now