Part _31

12.5K 661 72
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 31

"မူးခို''

''မူးခို''

''မူးခိုလေး''

''ဟာ ဒုက္ခပါပဲကွာ ''

''မူးခိုရယ် မောင် စိတ်ပူအောင် မလုပ်နဲ့လေကွာ''

သူ့ရင်ခွင်ထဲကို ပျော့ခွေညွှတ်ကျလာတဲ့ မူးခိုရဲ့ ကိုယ်လေးကို ဟန်ခမ်းဖက်ပွေ့ကာ ထိန်းထားလိုက်ရင်း မေးဖျားလေးကို ကိုင်ကာ လှုပ်နိုးနေမိသည်.....

လူက စိုးရိမ်စိတ်တွေနဲ့ ပူထူနေကာဘယ်လို လုပ်ပေးရမှန်းမသိတော့ပဲ ဗျာများနေမိသည်....

"မူးခို"

"မူးခို"

''ဟာ ဆေးခန်း သွားရမှာပေါ့''

မူးခိုလေးကို သူချီပြီး ထရပ်လိုက်ကာ 
မူးခိုတို့ စီးလာတဲ့ ကားနားကို  လျှောက်လာလိုက်သည်....

"ကျစ် ဟိုကလေးမတွေက အခုချိန်ထိ ဓါတ်ဖမ်းလို့ ကောင်းနေတုန်း ""

"ဟို ညီမတို့ ""

"ဒီမှာ ဒီမှာ""

"အာကွာ ...ကျစ်"

သူမလေးကို ချီထားလျက် ပုံစံအတိုင်း ဟိုကလေးမနှစ်ယောက် နားကို ခပ်သွက်သွက် လျှောက်သွားလိုက်တော့မှ မျက်လုံးပြူးပြီး အလန့်တကြားနဲ့ ထအော်ကြလေသည်....

"ဟယ် မူးခို''

''ဟော်တော် မူးခိုက ဘာဖြစ်သွားတာလဲ မူးခိုကို အစ်ကိုက ဘာလုပ်လိုက်တာလဲ"

''ဟ ကျွန်တော်က ဘာလုပ်ရမှာလဲ သူခွေကျလာလို့  ပွေ့ထားလိုက်တာလေ"

ဟိုကလေးမ စကားကြောင့် ဟန်ခမ်းထိတ်ခနဲ ဖြစ်သွားရပေမယ့် ခပ်တင်းတင်း ပြန်ဟောက်ပစ်လိုက်သည်....
ဟုတ်တယ်လေ ဒီမှာ စိတ်ပူရလွန်းလို့ ရူးတော့မယ့်ဟာကို လူကို မယုံသင်္ကာနဲ့....

"လာ ကားပေါ် အမြန်တက်ပြီး မောင်းတော့ဆေးခန်းသွားပြရမယ်''

''ပေး မူးခိုကို ဒီကိုပေး'''

"မင်းတို့က နိုင်မှာမို့လား ရှေ့ခန်းက အမြန်
တက် ကျွန်တော်မူးခိုကို ချီပြီး လိုက်လာမှာ"

"ဟာ အစ်ကိုက ဘာလို့ လိုက်မှာလဲ"

"ဟ မူးခိုဖောက ကျွန်တော်ချစ်သူ  ကျွန်တော်မလိုက်လို့ရမလား ကျွန်တော်မှာသာ ကားပါရင် မင်းတို့ကို စကားတောင် ပြောမနေဘူး"

🌟Soulmate🌟[Season(2)]Where stories live. Discover now