Part _59

13.1K 546 6
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 59

ဒီနေ့ နန်းယဥ်ကို သူကအပြင်မှာအေးဆေးစကားပြောချင်တယ်ဟု​ မဲ့နဲ့ဖော့ဆီ ခွင့်တောင်းကာ ခေါ်ထုတ်လာလေသည်.....

ယဥ်ယဥ်က သူခေါ်လာတဲ့ အတိုင်း ကျောက်ရုပ်လေးလိုဖြစ်နေကာ စကားတစ်ခွန်းမှမပြော.....

မင်းသန့် ကားကို လမ်းဘေးချရပ်လိုက်ကာ ကားနောက်ခန်းက ပန်းစည်းကို သူမကိုပေးလိုက်လေသည်....

ယဥ်ယဥ်ကမယူဘဲ ခပ်တည်တည်သာကြည့်နေပြီး အပြင်ကိုအကြည့်တွေပို့လိုက်လေသည်...

"ညီလေးဆီကနေ ညတည်းက တကူးတက Orderမှာပြီး ဝယ်ထားရတဲ့ ပန်းနော် ပိုင်ရှင်ကမယူရင် နှမြောစရာကြီး"

"ဦးမင်းသန့်နိုင်ထွဋ်အတွက် ကိစ္စတွေကအရမ်းလွယ်ကူနေလား "

"ယဥျယဥျ"

"ယဥ်ယဥ်ကတော့ အခုထိ  ဦးမင်းသန့်နိုင်ထွဋ်ကို စိတ်ရှင်းရှင်းနဲ့ စကားပြောဖို့မပြောနဲ့ကြည့်လို့တောင်မရဘူး"

"မနက်ဖြန်သဘန်ခါဆိုရင်ပဲ ကိုယ်တို့မင်္ဂလာဆောင်တော့မှာလေ  "

"မင်္ဂလာပွဲကို လက်ခံလိုက်တယ် ဆိုတာကလည်း မဲ့နဲ့ဖော့ကို ဒီထက်ပိုပြီး အရှက်မရစေချင်လို့ဆိုတာသိထားပေးပါ ဦးမင်းသန့်ကို သိပ်ပြီး လက်ခံချင်နေတယ်တော့ မထင်လိုက်နဲ့ "

ဟုတ်ပါသည် ယဥ်ယဥ်ဟာ မင်္ဂလာပွဲကိုတောင် အကျဥ်းချုံးပဲလုပ်ပေးပါဟုတောင်းဆိုထားသဖြင့်  အကျဥ်းရုံးလေးပဲဆောင်ဖြစ်မည်ဖြစ်သည်......

"ကိုယ်တို့နှစ်ယောက်ဘဝက တကယ့်အကြင်လင်မယားအစစ်ဘဝကိုရောက်တော့မှာ မကြာခင်မှာ ကိုယ်ရယ် မင်းရယ် ဘေဘီလေးရယ် ၃ယောက်တစ်မိသားစုဖြစ်တော့မှာ ယဥ်ယဥ်စိတ်တွေ အရင်လို ပြန်ဖြစ်အောင် ကိုယ်ဘယ်လိုလုပ်ပေးရမလဲ"

"နန်းယဥ်ဗိုက်ထဲက ကလေးက ရှင့်ကလေးဟုတ်လို့လား "

နန်းယဥ်ရဲ့စကားကြောင့် မင်းသန့်ရဲ့ မျက်နှာကြီး အိုကျသွားလေသည်....

"ကိုယ်အဲ့တုန်းက ဒေါသကြောင့်ပြောမိတာပါ မင်းနဲ့ ဟိုအဖြူကောင်ရဲ့ပုံ  မယုံဘူးဆိုတာထက် ကိုယ့်ချစ်သူမကြိုက်တာသိရက်နဲ့ အဲ့လိုတွေနီးနီးကပ်ကပ်နေတာမကြိုက်ဘူး အဲ့ဒေါသနဲ့စကားအမှားပါသွားတာ"

🌟Soulmate🌟[Season(2)]Where stories live. Discover now