Part_5

11.1K 554 22
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part _5

"အွင့်...."

မူးခိုဖောက စားပွဲကိုနောက်ပြန်လက်ထောက်သလိုလေးဖြစ်နေကာ ဟန်ခမ်းကအပေါ်ကအရှိန်ကျလာချိန် မူးခိုဖောရဲ့ ခပ်အိအိနှုတ်ခမ်းပေါ် သူ၏နှုတ်ခမ်းဖြင့်ကွက်တိလေးဖိလျက်သားဖြစ်သွားလေသည်.....
အန္တရယ်ဇုံဆိုတာသိလိုက်တာနဲ့ဟန်ခမ်းခပ်မြန်မြန်ခွာလိုက်ကာ သူမအနားကနေ ခပ်မြန်မြန်ထွက်ပြီး မိန်းကို အမြန်တင်ဖို့ ခြေလှမ်းကို လှမ်းရသေး...

"ဟာ...အစ်ကို မူးခိုကြောက်ပါတယ်ဆို "

ပြေကျနေတဲ့ ပုဆိုးကိုထပ်ဆွဲနေတာမို့ ဟန်ခမ်းတစ်ယောက် ကိုယ်ပုံစံကိုယ်ဘယ်လိုဖြစ်နေမလဲဆိုတာမတွေးရဲ...မီးမှောင်နေတာကြောင့် ကိုယ့်ရဲ့ကို့ယားကားယားပုံစံကိုမမြင်ရတာမို့ တော်သေးတယ်ပြောရမယ်..အခုတောင် အခုနက အိကျိကျိအရာနဲ့ထိတွေ့ပြီးတည်းက တစ်ကိုယ်လုံးထူပူကာရှက်ရွံ့နေမိတာမို့လူကတစ်ကိုယ်လုံးချွေးတောက်တောက်ကျနေလေသည်..

"ဟာ့..မင်းထပ်ဆွဲပြန်ပြီ"

"မူးခို သရဲကြောက်တယ် အစ်ကိုရ"

"ငါ မီးဖွင့်ပါရစေအုံးကွာ "

ပုဆိုးစကို ခပ်ကြမ်းကြမ်းပြန်ဆွဲကာလက်တစ်ဖက်နဲ့စုကိုင်လိုက်ပြီး နံရံက circuit breakerကိုတင်လိုက်တော့ အခန်းထဲမီးကပြန်လင်းလာလေတော့သည်....

ပုဆိုးကိုသေချာပြန်ပြင်ဝတ်ကာ သူမမျက်နှာကို
ကြည့်လိုက်ချိန် ဟန်ခမ်းတစ်ကိုယ်လုံး ရေနွေးနဲ့ပက်လိုက်သကဲ့သို့ပူထူသွားလေတော့သည်..
သူမရဲ့နှုတ်ခမ်းနီရဲရဲက ပျက်ယွင်းပုံပျက်နေကာ သူမကလည်းသူ့ကိုအကြည့်..

"ဟယ်...အနီရောင်"

ဟန်ခမ်းကိုယ့်နှုတ်ခမ်းကိုယ်လက်ဖဝါးနဲ့ပွတ်လိုက်ချိန်တွင် လက်ဖဝါးမှာပေကပ်လာသောနှုတ်ခမ်းနီများ..
ဘယ်လိုတောင်အရှက်ကွဲမှုကြီးပါလိမ့်
စိုင်းဟန်ခမ်းဖိတ်ရယ်..

သူမကလည်း မျက်နှာလေးရဲနေကာ သူမနှုတ်ခမ်းကိုလက်ဖဝါးနဲ့ အုပ်ကာမျက်လွှာလေးချထားနေလေသည်...

"ငါ...ငါသွားပြီ"

ဆိုက်ကိုကောင်ဘယ်ရောက်လို့ဘယ်ပေါက်လည်းတောင်မတွေးနိုင်အားပဲ ခပ်သုတ်သုတ်ခြေလှမ်းတွေနဲ့ ကားထားရာဆီသို့ပြေးလာလိုက်တော့သည်...
ကားထဲရောက်တာနဲ့စနိုးတာဝါကိုယူကာကားမှန်ကိုကြည့်ပြီးသုတ်နေစဥ် နဖူးကနေချွေးများစီးကျလာတော့သည်...
ဒါဟာ အမျိုးသမီးတစ်ယောက်နဲ့ ပထမဆုံး အနီးစပ်ဆုံးအထိအတွေ့မို့ သူ့စိတ်တွေလှုပ်ရှားနေလေတော့သည်....
မဖြစ်ဘူးနောက်ဆို မူးခိုဖောနဲ့ ခပ်ဝေးဝေးနေရမယ်...

🌟Soulmate🌟[Season(2)]Where stories live. Discover now