Part _41

10.9K 603 33
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Part_ 41

"ဟားးးး ဒါဆို သူ့ကြောင့်မို့ မူးခိုက မောင့်ကို ထားသွားခဲ့တာပေါ့လေ"

..............
"ဟင် လို့ မူးခို  ဖြေလေကွာ''

...........

"တကယ်ကြီး ဖြစ်နေခဲ့တာကိုး ''

"ရက်စက်လိုက်တာ မူးခိုရယ်''

"ရှင်"

မောင့်အသံ တုန်အက်အက်ကြောင့် မူးခို အလန့်တကြား မော့ကြည့်မိတော့ မောင့်မျက်နှာက တော်တော်ကြီးကို ပျက်နေရှာလေသည်....

"မောင် မောင်က မူးခိုအတွက် သူငယ်ချင်းလောက်တောင် အရေးမပါတဲ့ သူမျိုးလားဟင်"

"အို  မောင် အဲလို မဟုတ်ရပါဘူး မောင်ရယ်"

"မောင်ကလေ ဘာအကျိုးအကြောင်းမှ မသိလိုက်ရပဲ မူးခိုက ပျောက်သွားတော့ ရူးမတတ်ကို ခံစားခဲ့ရတာ ""

"မောင့်ရဲ့ ကမ္ဘာကြီး တစ်စစီ ဖြစ်သွားသလိုမျိုး ခံစားနေရပြီးတော့ စားလို့လည်းမရ အိပ်လို့လည်းမရနဲ့   ခံရခက်လွန်းလို့ အဲဒီအကြောင်းကို မောင် ပြန်တောင် မတွေးချင်ဘူးကွာ "

မောင်က ပြောနေရင်းနဲ့ မျက်နှာကြီးနီရဲကာ ခံစားချက်ကြီးကို ထိန်းချုပ်ထားသလိုပုံစံကြီးမို့ မူးခိုရဲ့ ရင်ထဲမှာ မခံမရပ်နိုင်အောင် နာကျင်သွားရပြီး...
မောင့်နှုတ်ခမ်းတွေကို မူးခိုရဲ့ ပါးပြင်နဲ့ ဖိကပ်ကာ ပိတ်ထား လိုက်မိတော့သည်...

"တော် တော်ပါတော့ မောင်ရယ် မူးခို မှားပါတယ်  မူးခို အရမ်းမှားသွားပါတယ် မောင့်ကိုထားခဲ့မိတာ မူးခိုရဲ့ အမှားပါ  ""

""မူးခိုကြောက်လို့  အရမ်းကြောက်ပြီး အရမ်းလည်း ရှက်လို့ ထားခဲ့မိတာပါမောင်ရယ်''

'''ပြဿနာတွေ ထပ်တက်မှာ မူးခို ကြောက်တယ် မောင်အန္တရာယ်နဲ့ ထပ်ကြုံမှာ မူးခို အရမ်းကြောက်တယ် သူငယ်ချင်းအချင်းချင်း မေမီကျော်တို့နဲ့လိုမျိုး ထပ်ကြုံရမှာ မူးခို အရမ်းကို ကြောက်မိလို့ပါမောင်ရယ်"

''ပြီးတော့  မူးခိုရဲ့မိသားစုရော မောင့်မိသားစုရော ဒီလို ကိစ္စမျိုးတွေကြောင့် အရှက်ရကြရမှာ စိုးမိလို့ပါ  အဟင့် ဟင့်"

🌟Soulmate🌟[Season(2)]Where stories live. Discover now