Extra_2

11.3K 513 36
                                    

🌟Soulmate🌟[Season(2)]
~~~~~~~~~~~~~~~~~~~~
Extra _2

"ညာညာက ဒီမှာထိုင် တိတိနဲ့ ကာကာက ဒီမှာ ဝိလေးနဲ့ မခက ဒီကိုလာ''

''ဟာ ဝန်းလေး နင်ကအကြီးလား ငါတို့က အကြီးလား''

''အေးလေ ဝန်းလေး နင်က အရမ်း ဆရာ
လုပ်တာပဲ''

''ဟုတ်ပ''

''ခိခိ''

''ခစ်ခစ်''

""ဝိလေးနဲ့ မခက မရီနဲ့လေ ရီရင် ဝန်းလေး သူဆရာလုပ်တာကို ကြိုက်တယ် ထင်နေအုံးမယ်"

''ဆရာမဟုတ်ဘူး ဝန်းက အကြီးအကဲ
ခေါင်းဆောင် ဝန်းပြောတာကို အားလုံးနားထောင်''

''အောင်မာ ဘာလို့ နားထောင်ရမှာလဲ''

''အေးလေ တိတိက ဆရာလုပ်တယ်ဆို တော်သေး''

''ဟယ်  အဲဒီ တိတိက  တစ်မျိုး''

''ခိခိ''

''ခစ်ခစ်ခစ်''

''ဝိလေးနဲ့မခ နင်တို့က ရီပဲရီနေလိုက်''

''အဲဒါဆို ဝိလေးနဲ့ မခက ငိုနေရမှာလားလို့''

''ခစ်ခစ်''

''ဟော မခလေးက ရီပြန်ပြီ''

''ကိုကိုဝိပြောတာက ရီရတာကို ခစ်ခစ်''

"ကဲ ကဲ ကဲ အားလုံးတိတ်  ""

ခုနက လှစ်ခနဲ ပျောက်သွားတဲ့ ဝန်းက အနားကို ပြန်ရောက်လာကာ အသံကျယ်ကြီးနဲ့  အော်နေလေသည်....

"ရော့  ဝန်းပေးတာယူ ယူပြီးရင် ဝန်းပြောတာ နားထောင်'"

""ကဲ ရော့"""

ညာညာ တိတိ ကာကာနဲ့ ဝိလေးတို့ လက်ထဲကို ရွှေတစ်ကျပ်သားရှိတဲ့ ဂျော့ဘုရင်ခေါင်းနဲ့ ရွှေဒင်္ဂါးပြားတစ်ပြားစီ ထည့်ပေးကာ မခလေး လက်ထဲကို လေးပြားထည့်ပေးလေသည်....

"ဟမ်''

"မခကိုကကျ ဘာလို့ လေးပြားလဲ''

"သူ့အဒေါ်သမီးမို့လို့နေမယ်"

"ဟုတ်ပ သူ့အမျိုးမို့လို့ပိုပေးတာ ငါတို့ကျ တပြားစီပဲပေးတယ်"

"တိတ်''

''အိမ်ပြန်ရောက်ရင် လူကြီးတွေကို သိမ်းခိုင်းမှာ မဟုတ်လား တစ်အိမ်ကို လေးပြားစီ အတူတူပဲ''

🌟Soulmate🌟[Season(2)]Where stories live. Discover now